Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အသေအပျောက် မသိရသေး

“အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မင်းကင်းမြို့နယ်တောင်တွင်းဒေသတိုက်ပွဲ
မင်းကင်းမြို့နယ်တောင်တွင်းဒေသတိုက်ပွဲ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)က ယနေ့(ဇွန် ၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲက ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်ပံတော​ကျေးရွာအနီးလာရောက်စဥ် နှစ်ဖက်ထိတွေ့မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အသေ အပျောက်ရှိနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျမသိရသေးဟု ထုတ်ပြန်သည်။

“အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နာရီဝက်ကြာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ပံတောရွာအနီးမှ ပြည်သူပိုင်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် နွားတစ်ကောင်အား ပစ်သတ်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook