Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အသေအပျောက် မသိရသေး

“အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မင်းကင်းမြို့နယ်တောင်တွင်းဒေသတိုက်ပွဲ
မင်းကင်းမြို့နယ်တောင်တွင်းဒေသတိုက်ပွဲ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)က ယနေ့(ဇွန် ၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲက ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်ပံတော​ကျေးရွာအနီးလာရောက်စဥ် နှစ်ဖက်ထိတွေ့မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အသေ အပျောက်ရှိနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျမသိရသေးဟု ထုတ်ပြန်သည်။

“အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နာရီဝက်ကြာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ပံတောရွာအနီးမှ ပြည်သူပိုင်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် နွားတစ်ကောင်အား ပစ်သတ်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။