Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များ ရပ်တန်းကရပ်ရန် UG အဖွဲ့ သတိပေး

ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များအနေဖြင့် ယင်းလုပ်ရပ်များ ရပ်တန်းကရပ်ရန် Soul Takers _Yangon Underground Force က ယနေ့(ဇွန်လ ၆ ရက်) သတိပေးလိုက်သည်။

“ရန်ကုန်နေပြည်သူများသည် တစ်နေ့တစ်ခြား သွားလာရေးဆိုင်ရာများ၊ နေထိုင်ရေးဆိုင်ရာများတွင် မလုံခြုံမှုများ တိုးမြင့်လာသည်ကို သိမြင်လာရသည်။ မှတ်တိုင်များ၊ YBS ကားများ လမ်းသွားလမ်းလာ လူမြင်ကွင်းများတွင် ပေါ်ပေါ်တင်တင် အုပ်စုဖွဲ့ကာ ရမ်းကားနေသော လူဆိုးလူမိုက်များကြောင့် လူကြီး၊လူငယ် ၊ကျာ၊းမ မရွေး လုယက်ခံရခြင်းများ၊ တို့ဆေးများ၊ ပြန်ပေးဆွဲခြင်းများတို့ကို တွေ့မြင်ကြားသိရသည်။ “ဟု Soul Takers _Yangon Underground Force ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ယခုနောက်ပိုင်း၌ ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည် အထိပြုလုပ်မှုများရှိလာသောကြောင့် ယင်းလုပ်ရပ်များကို လုပ်ဆောင်နေသူများ အနေဖြင့် ရပ်တန်းကရပ်ကြရန် တိုက်တွန်းထားသည်။

“ယခုကာလသည် တိုင်းပြည်အား စနစ်ဆိုးအတွင်းမှ လွတ်မြောက်အောင် ဖန်တီးနေရသော ကာလဆိုးဖြစ်သည့်အားလျော်စွာ “တောမီးလောင် တောင်ကြောင်လက်ခမောင်းခတ်” ဆိုသည့်အပြုအမူမျိုး မလုပ်ကြရန် သတိပေးအပ်သည်။ သတိပေးကာလတွင် ခိုးဆိုးလုယက်နေသော အစုအဖွဲ့များအနေဖြင့် ငြိမ်သက်ကြရန် ရိုးရိုးသားသား လုပ်ကိုင်စားကြရန် လိုအပ်သည်။ “ဟု Soul Takers _Yangon Underground Force အဖွဲ့က သတိပေးထားသည်။

ထို့အပြင် သတိပေးကာလကျော်လွန်ပါက ပြည်သူများအားနှောင့်ယှက်သူ အဖွဲ့အစည်းဟု သတ်မှတ်၍ လိုအပ်သလို စီစဉ်ဆောင်ရွက်မည်ဟု သတိပေးထားပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့အဖွဲ့သို့ တိုင်ကြားနိုင်မည့် Channelကို ကြေညာပေးမည်ဟု ထပ်မံ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။