Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များ ရပ်တန်းကရပ်ရန် UG အဖွဲ့ သတိပေး

ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များအနေဖြင့် ယင်းလုပ်ရပ်များ ရပ်တန်းကရပ်ရန် Soul Takers _Yangon Underground Force က ယနေ့(ဇွန်လ ၆ ရက်) သတိပေးလိုက်သည်။

“ရန်ကုန်နေပြည်သူများသည် တစ်နေ့တစ်ခြား သွားလာရေးဆိုင်ရာများ၊ နေထိုင်ရေးဆိုင်ရာများတွင် မလုံခြုံမှုများ တိုးမြင့်လာသည်ကို သိမြင်လာရသည်။ မှတ်တိုင်များ၊ YBS ကားများ လမ်းသွားလမ်းလာ လူမြင်ကွင်းများတွင် ပေါ်ပေါ်တင်တင် အုပ်စုဖွဲ့ကာ ရမ်းကားနေသော လူဆိုးလူမိုက်များကြောင့် လူကြီး၊လူငယ် ၊ကျာ၊းမ မရွေး လုယက်ခံရခြင်းများ၊ တို့ဆေးများ၊ ပြန်ပေးဆွဲခြင်းများတို့ကို တွေ့မြင်ကြားသိရသည်။ “ဟု Soul Takers _Yangon Underground Force ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ယခုနောက်ပိုင်း၌ ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည် အထိပြုလုပ်မှုများရှိလာသောကြောင့် ယင်းလုပ်ရပ်များကို လုပ်ဆောင်နေသူများ အနေဖြင့် ရပ်တန်းကရပ်ကြရန် တိုက်တွန်းထားသည်။

“ယခုကာလသည် တိုင်းပြည်အား စနစ်ဆိုးအတွင်းမှ လွတ်မြောက်အောင် ဖန်တီးနေရသော ကာလဆိုးဖြစ်သည့်အားလျော်စွာ “တောမီးလောင် တောင်ကြောင်လက်ခမောင်းခတ်” ဆိုသည့်အပြုအမူမျိုး မလုပ်ကြရန် သတိပေးအပ်သည်။ သတိပေးကာလတွင် ခိုးဆိုးလုယက်နေသော အစုအဖွဲ့များအနေဖြင့် ငြိမ်သက်ကြရန် ရိုးရိုးသားသား လုပ်ကိုင်စားကြရန် လိုအပ်သည်။ “ဟု Soul Takers _Yangon Underground Force အဖွဲ့က သတိပေးထားသည်။

ထို့အပြင် သတိပေးကာလကျော်လွန်ပါက ပြည်သူများအားနှောင့်ယှက်သူ အဖွဲ့အစည်းဟု သတ်မှတ်၍ လိုအပ်သလို စီစဉ်ဆောင်ရွက်မည်ဟု သတိပေးထားပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့အဖွဲ့သို့ တိုင်ကြားနိုင်မည့် Channelကို ကြေညာပေးမည်ဟု ထပ်မံ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။