Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်လာသော စစ်ကောင်စီတပ် ကားနှစ်စီးတိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် လေးဦးသေ

“ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ”ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

Farmers Revolution Force FRF (CHU)
Farmers Revolution Force FRF (CHU)

မုံရွာ – မန္တလေးလမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်မှ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU)က ယနေ့(ဇွန် ၇) ထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာ – မန္တလေး လမ်းမကြီးအတိုင်းထွက်ခွာလာသော အရပ်ဝတ်စစ်ကောင်စီတပ်သားများမောင်းနှင်လာသည် Prado အနက်ရောင် အရာရှိကားနှစ်စီးကို ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ချောင်းဦးနှင့် မြင်းမူမြို့ကြားတွင် Farmers Revolution Force FRF (CHU) တပ်ရင်း၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)နှင့် ဗန္ဓုလညီနောင်တော်လှန်ရေးအင်အားစုများမှ ပူးပေါင်းပြီး ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း​လေး
ဦး သေဆုံးပြီးသုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အတည်ပြုထုတ်ပြန်သည်။

“မိမိတို့တော်လှန်ရေး ရဲဘော်များမှာလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု FRF က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ”ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

FRF(CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြင့်လုပ်ဆောင်လျက်ရှိရာ ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

Facebook