Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ရှိ ရွာပေါင်း ၁၃ရွာ၌ ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်

ဒေသတွင်း၌ ကိုယ်ထူကိုယ်ထကျောင်းကို ပထမဦးဆုံးအနေဖြင့် စတင်ဖွင့်လှစ်သောကြောင့် ကျောင်းသုံးပစ္စည်းကိရိယာများ၊ ကျောင်းအဆောက်အဦးများ၊ ကျောင်း ဆရာ/ဆရာမများ စာရေးခုံ၊ ထိုင်ခုံ စသည့် လိုအပ်ချက်များ ရှိနေပြီး အခက်အခဲများစွာရှိနေကြောင်း ဒေသတာဝန်ရှိသူက ပြောကြားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️ကျောက်ကြီးနယ်တွင်လည်း ကိုယ်ထူကိုယ်ထ ကျောင်းများဖွင့်၊ ဒေသအချို့တွင် စစ်ကောင်စီ၏ ကျောင်းဖွင့်ရန် ဖိအားပေး ခြိမ်းခြောက်မှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ရွာမှ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်ရန် နှင့် မိမိကံကြမ္မာ မိမိဖန်တီးရေးအတွက် ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်ခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်ရှိ ကျေးရွာ(၁၃)ရွာမှ ကိုယ်ထူကိုယ်ထကျောင်းများကို ယနေ့ဇွန်လ(၇)ရက်နေ့မှ စ၍စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း၌ ကိုယ်ထူကိုယ်ထကျောင်းကို ပထမဦးဆုံးအနေဖြင့် စတင်ဖွင့်လှစ်သောကြောင့် ကျောင်းသုံးပစ္စည်းကိရိယာများ၊ ကျောင်းအဆောက်အဦးများ၊ ကျောင်း ဆရာ/ဆရာမများ စာရေးခုံ၊ ထိုင်ခုံ စသည့် လိုအပ်ချက်များ ရှိနေပြီး အခက်အခဲများစွာရှိနေကြောင်း ဒေသတာဝန်ရှိသူက ပြောကြားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်လည်း ကိုယ်ထူကိုယ်ထ ကျောင်းများကို ဇွန်လ ၂ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ပြည်သူလူထုတည်ထောင်သည့် ကိုယ်ထူကိုယ်ထကျောင်းများဖြစ်သော လော်မူပယ်ကျေးရွာရှိ မူလတန်းကျောင်း၊ လော်မူသောကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ကော်သာစေးကျေးရွာရှိ အလယ်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းသုံးပစ္စည်းကိရိယာများ၊ စာရေးခုံနှင့် ထိုင်ခုံများ အလုံအလောက်မရှိသေးဟု ဆိုသည်။

အာဏာရှင်၏ ပညာရေးစနစ်ကို မနှစ်သက်သော ကျွဲခြံကျေးရွာရှိ ပြည်သူလူထုများသည်လည်းကိုယ်ထူ ကိုယ်ထ ကျောင်း တည်ဆောက်ရန် ကြိုးပမ်းခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခြင်း ခံရကြောင်း အသိပေးထားသည်။

ဇွန်လ ၂ရက် နံနက်က အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ-၆၀ မှ ဗိုလ်ကြီးအဆင့်ရှိသူဇေယျာလင်းမှ ကျွဲခြံကျေးရွာအုပ်စု ကျွဲခြံကျေးရွာရှိ စောမော်ဒေါင်းအား ခေါ်ယူတွေ့ဆုံပြီး အာဏာသိမ်းစစ်ကောင်စီ၏ စာသင် ကျောင်းကို ဖွင့်လှစ်ရန်ပြောဆိုကာ အကယ်၍ မဖွင့်ပါက ၊ မတက်ရောက်ပါက ကျွဲခြံကျေးရွာရှိ ကျေးရွာသူ/ရွာသားများကို မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။