Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းတွင် စာသင်ကျောင်း ဗုံးခွဲပြီး PDFကို ပုံဖျက်ရန်လုပ်ဆောင်မှုရှိဟု အသိပေး

ကျောင်းဝန်းရှင်းလင်းရန်အတွက် တစ်အိမ်တစ်ယောက် မလာမနေရ လက်နက်ဖြင့် ခြိမ်းခြောက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အတင်းအဓမ္မ စေခိုင်းမှုများကို ရပ်တန့်ပြီး ဖက်ဒရယ်ပညာရေးကို ရှေးရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဟုမ္မလင်း
ဟုမ္မလင်း

▪️ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းနေရာများ မတိုက်ခိုက်ရန် NUG၏ ညွှန်ကြားချက် လိုက်နာလျက်ဟု ဟုမ္မလင်း(ပအဖ) ထုတ်ပြန်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် စံပြရွာ နောင်ပါတ်ခါးရပ်ကွက် စာသင်ကျောင်း၌ ဗုံးပေါက် ကွဲသည်ဟု ကြားသိရပြီး အဆိုပါ ဗုံးပေါက်ကွဲမှုသည် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် လုံး၀သက်ဆိုင်ခြင်းမရှိကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ် ပအဖ၊ ပကဖ၊ PDF တပ်ဖွဲ့များ ၊ LDF တပ်ဖွဲ့များသို့ လမ်းညွှန်ချက်တွင် အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံ ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အစရှိသည့် နေရာများကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ တပ်စွဲခြင်း မပြုရဟု အတိအလင်း လမ်းညွှန်ထားရာ ဟုမ္မလင်း မြို့နယ် ပအဖ၊ ပကဖ နှင့် PDF၊ LDF များ အနေဖြင့်လည်း NUG အစိုးရ၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် နောင်ပါတ်ခါးရပ်ကွက် စာသင်ကျောင်းအား ဗုံးဖောက်ခွဲခြင်း၊ ဖျက်လို ဖျက်ဆီးလုပ်ခြင်းများသည် မိမိတို့ တပ်ဖွဲဝင်များနှင့် သက်ဆိုင်ခြင်းမရှိဘဲ PDF များ၏ ပုံရိပ်ကို ဖျက်လိုဖျက်ဆီးလုပ်ရပ်သာ ဖြစ်ကြောင်း မိဘပြည်သူများကိုတင်ပြအပ်သည်ဟု ဟုမ္မလင်း(ပအဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် NUG အစိုးရ၏ ဖက်ဒရယ်ပညာရေးကျောင်းများ ဖွင့်လှစ်သင်ကြားရန်အတွက် မြို့နယ် ပအဖ အဖွဲ့နှင့် မြို့နယ် ပညာရေးဘုတ်အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်းလည်းအသိပေးထားသည်။

အာဏာသိမ်း စစ်အာဏာရှင်များ၏ စစ်ကျွန်ပညာရေးကို အားပေးအသက်သွင်းရန် ကြိုးစားနေသော Non CDM ဆရာ၊ဆရာမများအနေဖြင့် ၎င်းတို့ လုပ်ရပ်ကို ရပ်တန်းကရပ်ရန် ဟုမ္မလင်း(ပအဖ)က ပြင်းထန်စွာ သတိပေးခဲ့ပြီး CDM ဆရာ၊ဆရာမများကို ဖိအားပေး နှိပ်ကွက်လျက်ရှိသော စစ်ကောင်စီ မြို့နယ်ထွေအုပ် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ရုံးအဖွဲ့များ Non CDM ကျောင်းအုပ်များကို ပအဖက ပြင်းထန်စွာ ရှုံ့ချကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်း ၍ ဒေသခံ ရွာသူ၊ရွာသားများ CDM ဆရာဆရာမများ ကျောင်းသူ ကျောင်းသားများကို အတင်းအဓမ္မ ကျောင်းဖွင့်ရန် စေခိုင်းလျက်ရှိသည်ဟု ကြားသိရကြောင်း ဟုမ္မလင်း(ပအဖ)က ထုတ်ပြန်သည်။ အဆိုပါဒေသ၌ ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SNA လှုပ်ရှားနေသည်။

ကျောင်းဝန်းရှင်းလင်းရန်အတွက် တစ်အိမ်တစ်ယောက် မလာမနေရ လက်နက်ဖြင့် ခြိမ်းခြောက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အတင်းအဓမ္မ စေခိုင်းမှုများကို ရပ်တန့်ပြီး ဖက်ဒရယ်ပညာရေးကို ရှေးရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

Facebook