အခြေခံပညာအတန်းများတွင် လူမှုရေးဘာသာ ရပ်များကို စူးစမ်းလေ့လာသင်ယူနည်းစနစ်ဖြင့် သင်ကြား၊ သင်ယူနိုင်မည့်အချက်များကိုပြုစု၍ NUG အစိုးရ၊ နွေဦးတက္ကသိုလ်၏ အဓိပတိ ဒေါက်တာသိန်းလွင်က အကြံပြုထုတ်ပြန် သည်။
အဆိုပါ သင်ကြား၊ သင်ယူနည်းစနစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဟူ၍ အတန်းစဥ်အလိုက် ခွဲခြားဖော်ပြထားပြီး လူမှု ရေးဘာသာရပ်များမှ သမိုင်း၊ ပထဝီ၊ စီးပွား ရေး၊ ယာဥ်ကျေးမှုစသည့် ဘာသာရပ်များအား တစ်ခုနှင့်တစ်ခု ချိတ်ဆက်သင်ကြားနိုင်မည့် နည်းစနစ်များကို ထည့်သွင်းဖော်ပြသည်။
၎င်းတို့တွင် မူလတန်းများအတွက် သမိုင်းဘာ သာရပ်သင်ကြားရာ၌ မိသားစုသမိုင်းမှ အစပြု ၍ ကျောင်းသမိုင်း၊ ကျေးရွာသမိုင်း၊ မြို့နယ်သမိုင်း၊ လူမျိုးစုသမိုင်းဟူ၍ တဆင့်ပြီးတဆင့် လေ့လာသင်ယူစေရန် အကြံပြုသည်။



ထို့နောက် သမိုင်းဘာသာရပ်အားလေ့လာသင် ယူခြင်းနှင့်အတူ မိမိရပ်ရွာ၊ မြို့နယ်စသည်တို့၏ ပထဝီအနေအထား၊ စီးပွားရေး၊ ဂီတအနု ပညာနှင့် ယဥ်ကျေးမှုစသည်တို့ကို တပါတည်းလေ့လာသင် ယူစေရေမည်ဟု ဖော်ပြသည်။

Public Service Announcement
အလယ်တန်းအဆင့်၌မူ မိမိနေထိုင်ရာပြည်နယ် ၏ သမိုင်းကြောင်း၊ ပထဝီအနေအထား၊ စီးပွား ရေး၊ ဂီတအနုပညာနှင့် ယဥ်ကျေးမှု စသည်တို့ကို လေ့လာရမည်ဖြစ်သည်။
ထိုသို့ မိမိပြည်နယ်အကြောင်း စူးစမ်းလေ့လာသင်ကြား၊ သင်ယူပြီးပါက ပြာ်ထောင်စုအတွင်းရှိ အခြားသော ပြည်နယ်၊ တိုင်း စသည်တို့၏ သမိုင်း၊ ပထဝီ၊ စီးပွားရေး၊ ဂီတအနုပညာနှင့် ယာဥ်ကျေးမှု စသည်တို့ကို ဆက်လက်လေ့လာရန် အကြံပြုသည်။
ယင်းနောက် အထက်တန်းအဆင့်၌ အာရှတိုက်နိုင်ငံများ၏ သမိုင်း၊ အာရှတိုက်၏ ဒေသကြီးများဖြစ်သော အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် ပစိဖိတ်ကျွန်းနိုင်ငံများသမိုင်းတို့ကို လေ့လာသင်ယူကြရန် ဖြစ်သည်။
ထို့အပြင် အထက်တန်းဆင့်၌ ကမ္ဘာ့တိုက်ကြီးများရှိ ကျောင်သားများနှစ်သက်ရာ မြို့ကြီးများ၏ သမိုင်းကို ရွေးချယ်လေ့လာသင်ယူကြရမည်ဟု ဖော်ပြသည်။
ဆရာကြီးဒေါက်တာသိန်းလွင်၏ အကြံပြုချက်များအရ အထက်ပါ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစသည့် အတန်းစဥ်အားလုံးအ တွက် လေ့လာသင်ကြား၊ သင်ယူမှုများပြုလုပ်ရာတွင် သုတေသနဆိုင်ရာ မေးခွန်းများမေး မြန်းခြင်း၊ စုပေါင်းဆွေးနွေးအခြေရှာခြင်း၊ သမိုင်းမှတ်တမ်းများပြုစုခြင်းတို့ လုပ်ဆောင်ရန်လိုအပ်သည်။
ထို့ကြောင့် ကျောင်းသားများလိုအပ်မည့် စာ အုပ်စာတန်း၊ အချက်အလက်နှင့် သုတေသနဆိုင်ရာမေးခွန်းများနှင့် ချဥ်းကပ်လေ့လာနိုင်စေရန် ဆရာ၊ ဆရာမများက ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး စူးစမ်းလေ့လာသင်ယူမှုနည်းစနစ်တွင်လည်း ဆရာ၊ ဆရာမများက ဦးဆောင်မှုပေးရမည်ဟု အကြံပြုထားသည်။















































