Connect with us

Hi, what are you looking for?

သတင်း

ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံသစ်ချက်သမ္မတနိုင်ငံကို မြန်မာ့အရေးအလေးထားလုပ်ဆောင်ရေး NUGတိုက်တွန်း

ကုလလူ့အခွင့်အရေးကောင်စီတွင် ရုရှားကို ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံသည် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။

Ministry of Human Rights
Ministry of Human Rights

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်သစ်ဖြစ်လာသည့် ချက်ပြည်သူ့သမ္မတနိုင်ငံကို မ ကြာမီကျင်းပမည့် ဂျီနီဗာညီလာခံ၌ မြန်မာ့အရေးအလေးထားလုပ်ဆောင်ရန် NUG လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးက တိုက်တွန်းတင်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းသည် ချက်နိုင်ငံခြားရေးဒုတိယဝန်ကြီး Jiri Kozak ကို ဇွန်လ ၉ရက်တွင် နိုင်ငံခြားရေးရုံးသို့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း တစ်နေ့တခြားဆိုးရွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“ချက်ပြည်သူ့သမ္မတနိုင်ငံဟာ ဒီမိုကရေစီအရေးနှင့် ပတ်သတ်ပြီး တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် လူ့အခွင့်အရေးကောင်စီမှာအဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းကအရေးပါလှပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားသည်။

ကုလလူ့အခွင့်အရေးကောင်စီတွင် ရုရှားကို ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံသည် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ချက်နိုင်ငံခြားရေးဒုတိယဝန်ကြီးက ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအရ မြန်မာ့အရေးကို ဦးစားပေးစာရင်းတွင် ထားရှိ၍ မြန်မာနိုင်ငံကို အမြန်ဆုံး ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကိစ္စများဆိုင်ရာ ရ လာဒ်ကောင်းများဖြစ်ထွန်းစေရန် အားတက်သရော ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ထို့အပြင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် တာဝန်ခံမှုရှိစေရေး၊ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းများအတွက် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာစေရေးအပါအဝင် လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စများကို ချက်နိုင်ငံခြားရေးဒုတိယဝန်ကြီးက ထည့်သွင်းဆွေးနွေးခဲ့သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းနောက် ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်နှင့် ဒီမိုကရေစီတတ်ကြွလှုပ်ရှားသူအချို့ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ပေးစီရင်ရန် လုပ်ဆောင်နေခြင်း၊ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေခြင်းများ၊ နေအိမ်အမြောက်အများမီးရှို့ဖျက်စီးမှုနှင့်ပတ်သတ်သော မြေပြင်သတင်းများကို NUG လူ့အခွင့်အရေးဝန်ကြီးက တင်ပြ ဆွေးနွေးနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook