Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ထောက်တိုင် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်၏ ATM စက်နှစ်ခု ဖောက်ခွဲတိုက်ခိုက်ခံရ

ကမ္ဘောဇဘဏ်သည် စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့သည့် ကိစ္စအပါအဝင် Kpay အကောင့်များကို မတရားပိတ်သိမ်းခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်နေသည်။

Civil Guerrilla Force -YGN
Civil Guerrilla Force -YGN

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်၏ ATM စက်နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Civil Guerrilla Force -YGN က အသိပေးထားသည်။

ဇွန်လ၈ ရက် နံနက်တွင် လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ယာ KBZ ဘဏ်ခွဲရှိ ATM နှင့် ဘဏ်ဝင်ပေါက်ကို တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၉ ရက်ညတွင် အင်းစိန်လမ်း နှင့်ပါရမီလမ်းဆုံ တပ်မတော်အထည်ချုပ်စက်ရုံအနီးရှိ KBZ ၏ ATMစက်ကို တိုက်ခိုက်ခဲ့ကြောင်း CGF-YGN က ထုတ်ပြန်ထားသည်။

ကမ္ဘောဇဘဏ်သည် တော်လှန်ရေးအဖွဲ့များနှင့် ထောက်ပို့များ၏ အကောင့်များကို အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပိတ်သိမ်းခြင်း ၊ ပြည်သူများ၏ အကောင့်များကို တရားမဝင်ပိတ်ဆို့၍ ပြည်သူပိုင်ငွေများကို ဂုတ်သွေးစုပ်သိမ်းယူခြင်း၊ အပြစ်မဲ့ ပြည်သူများ၏ ငွေကြေး နှင့် မိသားစုဘဝများ ပျက်စီးရခြင်းကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် Southern Division PDF နှင့်ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CGF-YGN ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူများကို ထိခိုက်မည်စိုးရိမ်သောကြောင့် ပြင်းအားနည်းသည့် ပစ္စည်းများကိုသာ အသုံးပြုခဲ့ပြီး ပိုမိုပြင်းထန်သည့် စစ်ရေးတိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကမ္ဘောဇဘဏ်သို့ ငွေအပ်ရန် ၊ငွေလွှဲရန် သွားရောက်ခြင်းများ ရှောင်ကြဉ်ရန် CGF-YGN က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဇဘဏ်သည် စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့သည့် ကိစ္စအပါအဝင် Kpay အကောင့်များကို မတရားပိတ်သိမ်းခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်နေသည်။

ကမ္ဘောဇဘဏ်က ရန်ကုန် ၊မန္တလေး၊ နေပြည်တော်ဆနှင့် တောင်ကြီးမြို့များရှိ သတ်မှတ်ထားသော ATM များ၌ ဇွန်လ ၉ရက်မှစတင်၍ တစ်ပတ်လျှင် ငွေသုံးသိန်းထုတ်နိုင်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက မြို့ပေါ် နေအိမ် များအား ဝင်ရောက်အနုကြမ်းစီးပြီး နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော ဘန်ကာအား ယမန်နေ့ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force-FLAက အသိပေးထုတ်ပြန်သည်။

သတင်း

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် တောင်းဆို

သတင်း

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Facebook