Connect with us

Hi, what are you looking for?

သတင်း

ဝကောက်စခန်းအားဝင်စီးသော စစ်ကောင်စီတပ်ကို CDF ကန်ပက်လက် ပြန်လည်ပိတ်ဆို့ထားဟု တပ်မဟာမှူးပြော

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း – ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။

CDF
CDF

▪️ကန်ပက်လက်မြို့ပေါ်တွင်ပါ တိုက်ပွဲဖြစ်နေ

တပ်ရင်း(၂)အထိုင်ချရာ ဝကောက်စခန်းအား ဝင်ရောက်စီးနင်းသည့် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးပူး ပေါင်းအဖွဲ့များက ပြန်လည်ပိတ် ဆို့ထားကြောင်း CDF ကန်ပက်လက်၏ တပ်မဟာမှူး Stephen Shing Thangက ယနေ့(ဇွန် ၁၁)တွင် အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် အင်အား ၁၈၅ဦးခန့်ဖြင့် ယမန်နေ့(ဇွန် ၁၀)ကတည်းက CDF ကန်ပက်လက် တပ်ရင်း (၂)၏ ဝကောက်စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ CDF ရဲဘော်များမှ လက်မလွှတ်စတမ်းပြန်လည်ခုခံခဲ့သော်လည်း ကျည်မလုံလောက်မှုကြောင့် စခန်းကို လက် လွှတ်ခဲ့ရသည်ဟု ဖော်ပြသည်။

ထို့ကြောင့် တပ်ရင်းသို့ဝင်ရောက်နေရာယူထားသော စစ်ကောင်စီတပ်များကို ယနေ့နံနက် ၇ နာရီခန့်ကတည်းက CDF ရဲဘော်များကပြန်လည်ဝိုင်းရံတိုက်ခိုက်နေကြောင်း အသိပေးသည်။

Public Service Announcement

အလားတူ ဝကောက်စခန်းဝန်းကျင်အနီး တိုက်ပွဲဖြစ်ပွားချိန်နက် တပြိုင်နက်တွင် ကန်ပက်လက်မြို့ပေါ်၌လည်း စစ်ကောင်စီတပ်နှင့် CDF ရဲဘော်များ တိုက်ပွဲဆက်ဖြစ်နေကြောင်း CDF ကန်ပက်လက်၏ တပ်မဟာမှူး Stephen Shing Thang က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စကောက်စခန်းအထိုင်မှ ပြန်ထွက်လာနိုင်ခြင်းမရှိသေးသော စစ်ကောင်စီတပ်စစ်ကြောင်းအား စစ်ကူပေးရန်ဟုယူဆရသော ကန်ပက်လက်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် မင်းတပ် (၂၇၄)တပ်ရင်းမှ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းတို့ လှုပ်ရှားလာနေကြောင်း ၎င်းက အသိပေးထားသည်။

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း – ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook