Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ NUG၊ NUCC တို့နှင့် အာဆီယံဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးထပ်မံတိုက်တွန်း

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး

အာဆီယံသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ NUG ၊ NUCC တို့နှင့် တွေ့ဆုံဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြောကြားသည်။

‘မြန်မာ့ရှေ့ရေးအဖြေရှာခြင်း’ ခေါင်းစဉ်ဖြင့် ကျင်းပသော IISS အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ၏ဘုံ ဆုံးဖြတ် ချက် ၅ရပ်တွင် နိုင်ငံရေးတွေ့ဆုံအဖြေရှာရေးနှင့်ပတ်သက်၍ တိကျသည့် ပါဝင်သင့် ပါဝင်ထိုက်သူများကို ဖော်ပြမထားသဖြင့် ယင်းသို့ ထည့်သွင်းရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

အာဆီယံသည် သင့်လျော်သောအချိန်ကာလအတွင်း အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အောင်မြင်မှုရရှိရေး ပြန်လည်ရေးဆွဲသည့်ဘုတ်အဖွဲ့ထံ ပြန်သွားရမည်ဖြစ်ပြီး လူသားချင်းစာနာမှု အထောက်အပံ့နှင့် ကာကွယ်ဆေးထိုးနှံရေးတို့ကို ထိပ်တန်းဦးစားပေးအနေဖြင့်ပါဝင်သော ပိုမိုတိကျသည့် လမ်းစဉ်ကိုချမှတ်အကောင်အထည်ရမည်ဖြစ်ကြောင်း Saifuddin Abdullahက ပြောသည်။

Public Service Announcement

Public Service Announcement

လူသားချင်းစာနာမှုနှင့် နယ်စပ်ဖြတ်ကျော်အကူအညီများကို နှောင့်နှေးကြန့်ကြာမှု၊ ခွဲခြားမှု မရှိဘဲပေးအပ်နိုင်ရမည်ဖြစ်ပြီး ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရမည်ဟု ၎င်းက ဆွေးနွေးသည်။

အထက်ပါဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။