Connect with us

Hi, what are you looking for?

သတင်း

ပိတ်မိ​နေ​​သောPDFနှစ်ဦးကိုကယ်ထုတ်ရန်ခုခံတိုက်ခိုက်​ပေးရင်း​ရွှေဘိုLocal PDFဗိုလ်သံမဏီနှင့်ရဲ​ဘော်နှစ်ဦးကျဆုံး

​နွေဦး​တော်လှန်​ရေးတွင် ​ဗိုလ်သံမဏီ အမည်မှာ အနည်း​ဆုံး သုံးဦးရှိသည်။ ယင်းမာပင် PDF ​ခေါင်း​ဆောင်မှာလည်း ဗိုလ်သံမဏီ ​ခေါ် သ​ပြေ​အေးဆရာ​တော်အရှင်​သောပါက ဖြစ်ပြီး ၊ ခင်ဦး PDF တွင်လည်း ဗိုလ်သံမဏီရှိသည်။အထက်ပါတိုက်ပွဲ ဖြစ်ပွား​သောအဖွဲ့မှာ​ရွှေဘို​ဒေသခံPDFဖြစ်ကာ ရွှေဘို PDF မှဗိုလ်သံမဏီကျဆုံးခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ပိတ်မိနေသောရဲဘော်နှစ်ဦးအား ကယ်ထုတ်နိုင်ရန်ခံတိုက်ခဲ့သည့်​ရွှေဘိုLocal PDF မှဗိုလ်သံမဏိနှင့်ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းစစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(ဇွန်လ ၁၀ရက်နေ့)က ဝက်လက်မြို့နယ်၊ ချောင်းမီးတိုရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင်ဗိုလ်သံမဏိနှင့်ရဲဘော်နှစ်ဦးတို့ကပိတ်မိနေသည့်ရဲဘော်နှစ်ဦးကို ကယ်ထုတ်နိုင်ရန် အင်အား၁၅၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ၃ ယောက်တ​ည်းခံတိုက်ပေးရင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်းမြောင်CDSOM အဖွဲ့ကကိုနွေဦးက ပြောသည်။

“ပိတ်မိနေတဲ့သူ့ရဲဘော်နှစ်ဦးကိုကယ်ထုတ်နိုင်ဖို့အင်အား၁၅၀လောက်​ွေးတွေကို ၃ယောက်ထဲခံတိုက်ပေးရင်း နိုင်ငံတော်အတွက် ရဲရဲရင့်ရင့် သူရဲကောင်းပီသစွာနဲ့ ပေးဆပ်သွားခဲ့ပြီဆိုတဲ့သတင်း ရုတ်တရက် ကြားလိုက်ရချိန် ကျုပ်နှလုံးသားတွေ ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဗိုလ်သံမဏိရေ နားထဲမှာစကားသံတွေပဲ့တင်ထပ်နေတုန်းပဲဗျာ။”ဟု ကိုနွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

​နွေဦး​တော်လှန်​ရေးတွင် ​ဗိုလ်သံမဏီ အမည်မှာ အနည်း​ဆုံး သုံးဦးရှိသည်။ ယင်းမာပင် PDF ​ခေါင်း​ဆောင်မှာလည်း ဗိုလ်သံမဏီ ​ခေါ် သ​ပြေ​အေးဆရာ​တော်အရှင်​သောပါက ဖြစ်ပြီး ၊ ခင်ဦး PDF တွင်လည်း ဗိုလ်သံမဏီရှိသည်။အထက်ပါတိုက်ပွဲ ဖြစ်ပွား​သောအဖွဲ့မှာ​ရွှေဘို​ဒေသခံPDFဖြစ်ကာ ရွှေဘို PDF မှဗိုလ်သံမဏီကျဆုံးခဲ့ခြင်းဖြစ်သည်။

ထိုအပြင်ပြည်သူ့ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပိတ်မိ​နေခဲ့​သော ရဲ​​ဘော်နှစ်ဦးမှာ အသက်​ဘေးမှလွတ်​​မြောက်ခဲ့သည်လား ကျဆုံးခဲ့​သော ရဲ​ဘော် နှစ်ဦးလား ဆိုသည်ကိုမူ People’s Spring က အတည်မပြုနိုင်​သေးပါ။

တိုက်ခိုက်ခံရပြီးနောက်ချောင်းမီးတိုရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ အိမ်၁၀၀ကျော်နှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် နွားအကောင် ၄၀ ကောင်ခန့်၊ ဆိတ် ၃၈ ကောင် မီးလောင်သေဆုံးပြီး အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ပြင်းထန် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်န်ကြားရေး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(မှတ်ချက်-သတင်းကို ဇွန် ၁၁ ရက် ည ၁၀နာရီ ၅၀ မိနစ်တွင်ထပ်မံ ဖြည့်စွက်ထားပါသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook