Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်

ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်
ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်

ရဟတ်ယာဉ် ဌားရမ်းဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုမှာ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ကို သက်သေအဖြစ် မနက်ဖြန် ရုံးချိန်းမှာစစ်ဆေးမယ်လို့သိရပါတယ်။

ဒုဝန်ကြီး ဦးစိုးအောင်ဟာ NLD အစိုးရလက်ထက် မှာ အမြဲတမ်းအတွင်းဝန်ကနေ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တာဝန်ကနေရပ်စဲခံရသူလည်းဖြစ်ပါတယ်။

ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

တရားလိုကတော့ စစ်ကောင်စီ ပြန်ဖွဲ့စည်းထားတဲ့ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ရုံးချိန်းမှာ ရဟတ်ယာဉ် ဌားရမ်းဝယ်ယူတဲ့ မြန်မာပြန် စာချုပ်ကို သက်သေအဖြစ် တရားလိုက တရားရုံးကိုတင်ပြခဲ့ပါတယ်။ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေက စာချုပ်ကို အသေးစိတ်လေ့လာဖို့အတွက် တရားရုံးကို တင်ပြရာမှာ တရားရုံးဘက်က လက်ခံခဲ့တယ်လို့သိရပါတယ်။

ရုံးချိန်းမစတင်မီ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ကြရပြီး ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။