Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင်စစ်​ကောင်စီတပ်နှင့် CDFမင်းတပ်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(CDF မင်းတပ် တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CDF)
(CDF မင်းတပ် တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CDF)

မင်းတပ်မြို့ ပူကွန်ကျေးရွာတွင် CDF -မင်းတပ် နှင့် စစ်ကောင်စီတပ်တို့ယနေ့ည၌တိုက်ပွဲဖြစ်ပွားနေကြောင်းCDF-မင်းတပ်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ CDF-ကန်ပက်လက်နှင့် တိုက်ပွဲများပြင်းထန်နေသည်။ ဒေသချင်းဆက်စပ်နေသည့် မင်းတပ်ကိုလည်းစစ်ကောင်စီစစ်ကြောင်းထိုးလာနိူင်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း CDF-မင်းတပ် ရဲဘော်အချို့က ပြောသည်။

ယနေ့ည ဖြစ်ပွားနေသည့်တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေကို အ​သေးစိပ်မသိရ​သေးဘဲစောင့်ကြည့်စုံစမ်းနေသည်ဟု CDF-မင်းတပ်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လဆန်းမှ စ၍ အင်အား ၂၀၀ ခန့်ဖြင့် မင်းတပ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဇွန်လ ပထမပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပေ။ မင်းတပ်နှင့် ဆက်စပ်နေသည့် ကန်ပက်လက်မြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ မင်းတပ်ဘက်သို့လည်း ထိုးစစ်ဆင်လာနိုင်ကြောင်း CDFမင်းတပ်ကဇွန်လ ၁၁ရက်တွင် အသိပေးထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မင်းတပ် CDFသည် မတူပီမှလာသည့်စစ်ကောင်စီတပ် ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။