Connect with us

Hi, what are you looking for?

သတင်း

ကျောင်းနိမ့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၈ဦးခန့်​သေဟု ပု​လောPDF​ပြော

တိုက်ပွဲမှာ ယမန်နေ့ နံနက် ၆ နာရီ ၁၅မိနစ်ခန့်ကစ၍ အပြင်းအထန်ဖြစ်ပွားခဲ့ကာ နေ့လည် ၁၂ နာရီခန့်အထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)
(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)

တနသ်ာရီတိုင်း၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာသို့စစ်‌ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၈ ဦးခန့်ထိခိုက်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)PPDF က ယနေ့(ဇွန် ၁၄ ရက်) တွင်ထုတ်ပြန် သည်။

တိုက်ပွဲမှာ ယမန်နေ့ နံနက် ၆ နာရီ ၁၅မိနစ်ခန့်ကစ၍ အပြင်းအထန်ဖြစ်ပွားခဲ့ကာ နေ့လည် ၁၂ နာရီခန့်အထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)
(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ဦးသေဆုံး၍ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာလက်နက်ကြီးမှာ ချို့ယွင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁၀ဦးထပ်မံသေဆုံးခဲ့ကြောင်း အသိပေးသည်။

“တိုက်ပွဲက နယ်မြေခံတပ်ရင်း ၂၈၅ နဲ့က တစ်မိုင်ခွဲလောက်ပဲဝေးတယ်။သူတို့ဘက်က လက်နက်ကြီး ပစ်ကူတအားသုံးတာ။ဖြစ်ချင်တော့ သူတို့ထဲကို လက်နက်ကြီးကျည်ပြန်ကျသွားလို့ ခြောက်ဦးက ပွဲချင်းပြီးသေတယ်။လေးဦးက တော်တော်ပြင်းတယ်။အဲဒါကြောင့်လည်း အခု ဒီနေ့သူတို့ စစ်ကြောင်းမထိုးတော့ဘဲ ငြိမ်နေသေး တာ”ဟု PPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)
(စစ်ကောင်စီတပ်သားများ၏ သွေးကွက်များနှင့် မီးရှို့ခံခဲ့ရသည့် ပြည်သူနေ့အိမ်များအား ​တွေ့ရစဥ်)

ပုလော PDF ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အထိနာနေသော စစ်ကောင်စီတပ်သားများသည် ကျောင်းနိမ့်ရွာမှ ပြည်သူ့နေအိမ် (၇) လုံးနှင့် ဆိုင်ကယ်(၄)စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဇွန်လ ၁၀ ရက်ကစ၍ ပုလောမြို့တွင် စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကောင်စီတပ်က စစ်ထိုးလာခဲ့ပြီးနောက်တိုက်ပွဲများ ထိတွေ့မှုရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ