Connect with us

Hi, what are you looking for?

သတင်း

သိန္နီခရိုင်၌ စစ်ကောင်စီစစ်ကြောင်းကို MNDAA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၄ဦးသေ

တိုက်ပွဲအတွင်း MNDAA တပ်ဘက်က ထိခိုက်ကျဆုံး ဒဏ်ရာရမှုမရှိကြောင်း ၎င်းကဆက်ပြောသည်။

(MNDAA တပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ။ ဓါတ်ပုံ-MNDAA)
(MNDAA တပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ။ ဓါတ်ပုံ-MNDAA)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်အတွင်း၌ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော်(MNDAA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ရက် မွန်းလွဲ ၁နာရီခွဲကျော်အချိန်တွင် တိုက်ပွဲစတင်ခဲ့ပြီး ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(MNDAA တပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ။ ဓါတ်ပုံ-MNDAA)
(MNDAA တပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ။ ဓါတ်ပုံ-MNDAA)

“ကျွန်တော်တို့ တပ်မဟာ(၂၁၁)က စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်တာ။ သိန္နီခရိုင် ကာမိုင်းဒေသထဲက ရွာတစ်ရွာရဲ့အနောက်ဘက်မှာ စစ်ကောင်စီချီတက်လာတယ်ဆိုပြီး သတင်းရတယ်။ ရထားတော့ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်တာ” ဟု MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း MNDAA တပ်ဘက်က ထိခိုက်ကျဆုံး ဒဏ်ရာရမှုမရှိကြောင်း ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးခရိုင်နှင့် သိန္နီခရိုင် ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Facebook