Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ချေဖျက်ဖို့ NUG ယာယီသမ္မတပြော

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတာပါ။ ရွေးကောက်ပွဲကို နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေး ၊စစ်ရေးနည်းလမ်းနှစ်သွယ်နဲ့ ချဖျက်နိုင်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီလက ပြောလိုက်ပါတယ်။

ဇွန်လ ၁၄ ရက်က ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အစိုးရအဖွဲ့ဝင်တွေအားလုံးကိုအသိပေးလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီဟာရွေးကောက်ပွဲကိုလိမ်ညာပြီး ကျင်းပလိမ့်မှာဖြစ်ပြီး ဒါကိုချေဖျက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနတင်မကဘဲ NUG အစိုးရ ဌာနဆိုင်ရာအားလုံးနဲ့သက်ဆိုင်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါအပြင်ရွေးကောက်ပွဲကိုချေဖျက်ဖို့အတွက် လူထုကိုလည်း အသိပေးရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတာပါ။ ရွေးကောက်ပွဲကို နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။

မြေပြင်မှာလည်း မဲစာရင်းပြုစုတာတွေ ၊ လူဦးရေ စာရင်းကောက်တာတွေကို စစ်ကောင်စီက တပြိုင်တည်းပြုလုပ်နေပါတယ်။

ဒါပေမယ့်ဒီရွေးကောက်ပွဲကို အမေရိကန်အစိုးရဟာ ထောက်ခံမှာမဟုတ်သလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလည်းဖြစ်လာမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကအရှေ့တောင်အာရှကိုလာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်က ပြောထားပါတယ်။

ရွေးကောက်ပွဲဟာ အဖက်ဖက်က အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့ စစ်ကောင်စီအတွက် ထွက်ပေါက်သာဖြစ်တယ်လို့ သပိတ်ကော်မတီတွေအပါအဝင် အဖွဲ့အစည်း ၃၀ ကျော်က လည်း ပြီးခဲ့တဲ့ရက်ပိုင်းက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြီးထောက်ပြထားပါတယ်။

ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်းကျင်းပမှာဖြစ်တဲ့အတွက် စစ်အာဏာရှင်အဓွန့်ရှည်ရေးအတွက်သာဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းမယ့် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ရည်မှန်းချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်လို့ဆိုထားကြပါတယ်။

ဒါကြောင့်ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ကိုလည်းတိုက်တွန်းထားကြတာတွေ့ရပါတယ်။

ဓာတ်ပုံ − AFP

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။