Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်လုယူသွား​သောဆိုင်ကယ် ၁၀ စီးကိုCDSOMအဖွဲ့ကပြန်လည်ရယူ၍ ပြည်သူကို​ပေး​အပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်စစ်​ကောင်စီတပ်က အဓမ္မသိမ်းလုသွားသည့် ပြ​ည်သူများ၏ ဆိုင်ကယ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြန်လည်ရယူ၍ ပြည်သူများထံ ပြန်လည်အပ်နှံခဲ့သည်။

(ပြည်သူများထံမှစစ်​ကောင်စီတပ်သိမ်းယူသွား​သောဆိုင်ကယ်များကို CDSOMကပြန်လည်ရယူ၍ ပြည်သူများကိုပြန်လည်​ပေးအပ်စဥ်။ ။ဓါတ်ပုံ-CDSOM-2)
(ပြည်သူများထံမှစစ်​ကောင်စီတပ်သိမ်းယူသွား​သောဆိုင်ကယ်များကို CDSOMကပြန်လည်ရယူ၍ ပြည်သူများကိုပြန်လည်​ပေးအပ်စဥ်။ ။ဓါတ်ပုံ-CDSOM-2)

ဇွန်လ (၁၀) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာသို့ ရောက်စဉ် ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်လိုချင်သောပစ္စည်းများအားလုယက်၊ခိုးယူခဲ့သည့်အပြင် ပြည်သူများ၏ ဆိုင်ကယ်များလည်းအဓမ္မသိမ်းယူသွားခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

(ပြည်သူများထံမှစစ်​ကောင်စီတပ်သိမ်းယူသွား​သောဆိုင်ကယ်များကို CDSOMကပြန်လည်ရယူ၍ ပြည်သူများကိုပြန်လည်​ပေးအပ်စဥ်။ ။ဓါတ်ပုံ-CDSOM-2)
(ပြည်သူများထံမှစစ်​ကောင်စီတပ်သိမ်းယူသွား​သောဆိုင်ကယ်များကို CDSOMကပြန်လည်ရယူ၍ ပြည်သူများကိုပြန်လည်​ပေးအပ်စဥ်။ ။ဓါတ်ပုံ-CDSOM-2)

ယနေ့ (ဇွန်လ ၁၈ရက်နေ့)တွင် အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူသွားသော ပြည်သူများ၏ ဆိုင်ကယ် (၁၀) စီးအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တူမီးဖိုက်တာအဖွဲ့က အကြမ်းဖက်စ်တပ်ထံမှ ပြန်လည်ရယူကာ ပြည်သူများ၏ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းအသိပေးသည်။

အကြမ်းဖက်စစ်တပ်ထံမှ ပြန်လည်ရယူ၍ ပြည်သူများထံ ပြန်အပ်နှံခဲ့သော ဆိုင်ကယ်များမှာကာလတန်ဖိုး သိန်း ၇၀ ကျော် Scoopy အမျိုးအစား ၅ စီး၊ သိန်း ၂၀ ကျော်တန်ဖိုးရှိ 125 တရုတ်ဘီး ၄ စီး၊ ၁၀သိန်းကျော်တန် ဆိုင်ကလုန်း ၁ စီး၊ စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀ ကျော်ဖိုးရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook