Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးစစ်​ဘေး​ရှောင်စခန်းတွင် ကျင်းပသည့် ​ဒေါ်​အောင်ဆန်းစုကြည်မွေးနေ့ပွဲ

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းကို ပြုလုပ်ပေးခဲ့ကြသည်။

ဓာတ်ပုံ - Ye Min Htet Facebook
ဓာတ်ပုံ - Ye Min Htet Facebook

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် တိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုတွင် ယနေ့ (ဇွန်လ ၁၉) ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက် မွေးနေ့ပွဲကို စစ်ဘေးရှောင်ပြည်သူများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - Ye Min Htet Facebook
ဓာတ်ပုံ – Ye Min Htet Facebook

စစ်ဘေးရှောင်ပြည်သူများက မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များနှင့် ကျောင်းသားပြည်သူများ လွတ်မြောက်စေရန် မွေးနေ့ ဆုတောင်းပေးခဲ့ကြသည်။

ဓာတ်ပုံ - Ye Min Htet Facebook
ဓာတ်ပုံ – Ye Min Htet Facebook

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းကို ပြုလုပ်ပေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။