Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအတိုက်အခံများကို ကွပ်မျက်ရန်စီစဉ်ပါက စစ်ရာဇဝတ်မှုမြောက်ဟု ကုလတာဝန်ရှိသူ သတိပေး

ကုလသမဂ္ဂ၏ လွတ်လပ်သောစုံးစမ်းစစ်ဆေးရေးယန္တရား(IIMM)အကြီးအကဲ Nicholas Koumjian က မြန်မာစစ်တပ်၏ သေဒဏ်ပြစ်ဒဏ်နှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နေ ကြောင်း ပြောကြားသည်။

နိုင်ငံရေးအတိုက်အခံများကို ကွပ်မျက်ရန်စီစဉ်ပါက စစ်ရာဇဝတ်မှုမြောက်ဟု ကုလတာဝန်ရှိသူ သတိပေး
နိုင်ငံရေးအတိုက်အခံများကို ကွပ်မျက်ရန်စီစဉ်ပါက စစ်ရာဇဝတ်မှုမြောက်ဟု ကုလတာဝန်ရှိသူ သတိပေး

နိုင်ငံရေးအတိုက်အခံများကို ကွပ်မျက်ရန် မြန်မာစစ်ကောင်စီ၏ အစီအစဉ်များသည် စစ်ရာဇဝတ်မှု(သို့မဟုတ်) လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူက ယမန်နေ့တွင် ပြောကြားသည်။

ကုလသမဂ္ဂ၏ လွတ်လပ်သောစုံးစမ်းစစ်ဆေးရေးယန္တရား(IIMM)အကြီးအကဲ Nicholas Koumjian က မြန်မာစစ်တပ်၏ သေဒဏ်ပြစ်ဒဏ်နှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နေ ကြောင်း ပြောကြားသည်။

“ဒီဖြစ်စဉ်တလျှောက်လုံးမှာ စီရင်ချက်ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာ ဥပဒေ၊ အခြေခံရပိုင်ခွင့်တွေကို အပြင်းအထန်ချိုးဖောက်ခံခဲ့ရတယ်ဆိုတာ ရရှိထားတဲ့သတင်းအချက်အလက် တွေက အခိုင်အမာညွှန်ပြနေပါတယ်”ဟု Koumjian က လူသိရှင်ကြားမလုပ်ဆောင်ခဲ့သော အမှု များနှင့်ပတ်သက်၍ ပြောသည်။

စစ်ကောင်စီသည် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ် လေးဦးအပေါ်ချမှတ်ထားသော သေဒဏ်ပြစ်ဒဏ်ကို အတည်ပြုကြောင်း ယခုလဆန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ယင်းသို့ထုတ်ဖော်ပြောဆိုမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး သေဒဏ်ကွပ်မျက်မှုသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေ ညာစာတမ်း အပိုဒ် (၃)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သတိပေးထားသည်။

မျှတသော တရားခွင်၏ အခြေခံလိုအပ်ချက်များဖြင့် ကိုက်ညီခြင်းမရှိသည့် သေဒဏ်အမိန့်(သို့ မဟုတ်) ဖမ်းဆီးထိန်းသိမ်းခြင်းကာလသတ်မှတ်ခြင်းများသည် လူသားမျိုးနွယ်ကို ဆန့်ကျင် သောရာဇဝတ်မှုများ (သို့မဟုတ်) စစ်ရာဇဝတ်မှုများ မြောက်နိုင်ကြောင်း IIMM အကြီးအကဲက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် သေဒဏ်ကွပ်မျက်ခြင်းကို ဆယ်စုနှစ် သုံးခုကြာ ကျင့်သုံးခဲ့ခြင်းမရှိသော်လည်း ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်သူများကို ၎င်းတို့၏ဖြိုခွင်းမှုအစိတ်အပိုင်းတစ်ခုအဖြစ် သေဒဏ်အမိန့်ချမှတ်ခြင်းများလုပ်ဆောင်ခဲ့သည်။

တရားမဝင်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၁,၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ၁၁၅ ဦးကို သေဒဏ်အမိန့်ချမှတ်ထားသည်။

ကိုးကား – AFP

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။