Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် AA တို့ကအောက်ခြေတပ်ဖွဲ့ဝင်နှင့် ပြည်သူလူထုအား အပြန်အလှန်ဖမ်းမည့်အစား တပ်စခန်းများအားအပြန်အလှန်တိုက်ခိုက်ကြရန် ရခိုင်ဒေသခံပြော

ယခု ဒေသခံ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ရခိုင်ဒေသသို့ လာရောက်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာသည်ဟု ဒေသခံက ပြောသည်။

(ရခိုင်ပြည်နယ် စစ်​တွေမြို့တွင် စစ်​ကောင်စီရဲများက ပြည်သူများကိုစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ- BNA)
(ရခိုင်ပြည်နယ် စစ်​တွေမြို့တွင် စစ်​ကောင်စီရဲများက ပြည်သူများကိုစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ- BNA)

●ရက်ပိုင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်သူ ၁၀၀ ခန့်အားဖမ်းခဲ့ပြီး၊ AAက စစ်​ကောင်စီအောက်ခြေတပ်ဖွဲ့ဝင် ၁၇ယောက်ခန့် ဖမ်းဆီးထားဟုသိရ

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့်ယခုရက်ပိုင်အတွင်းရခိုင်ပြည်သူလူထု ၁၀၀ ခန့်အား ဖမ်းဆီးခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) အနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ၊ စရဖနှင့် စစ်သား ၁၇ ဦးခန့်ကိုဖမ်းဆီးခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သိရသလောက်ကတော့ ပုဏ္ဍားကျွန်းရယ် ကျောက်တော်ရယ် မြောက်ဦးရယ် မင်းပြားရယ် နောက်ပြီးတော့ ရမ်းဗြဲ မှာ။ စစ်ကောင်စီဘက်က ဖမ်းတာက ဒေသခံ အယောက် ၁၀၀ လောက်ရှိတယ်။ ၁၀၀လောက်မှာ တစ်ဝက်လောက်တော့ လွတ်လာတယ်။ အတိအကျတော့ မသိဘူး။ AA ဘက်က ဖမ်းတာတော့ စစ်သားရယ် ၊ စရဖရယ် ရဲရယ်ကလေးမြို့နယ်ပေါင်းပြီး ၁၇ယောက်လောက်ရှိတယ်။ အဲဒါက ဒီရက်ပိုင်းပေါ့” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၂၁ရက်က မြောက်ဦးရှိ စရဖရုံး တစ်ရုံးလုံး( စရဖ တပ်ဖွဲ့ဝင် ၄ဦး)ကို AAက ဖမ်းဆီးသွားပြီး ယနေ့ မနက်တွင် ရမ်းဗြဲကျောက်နီမော် ရဲစခန်းမှ ရဲအချို့ကို AAက ဖမ်းဆီးသွားသည်ဟု ရခိုင်ဒေသခံက ပြောသည်။

“ကျွန်တော်မြင်တာက သူတို့က စစ်တပ်က AAကနေ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဘူး ပြောကတည်းကအဓိကရခိုင်မြောက်ပိုင်းမှာရခိုင်မြောက်ပိုင်းဆိုတာ မောင်တောကနေ ရခိုင်မြောက်ပိုင်း ၁၀မြို့နယ်လောက်မှာ အင်အားတွေတိုးထားတာ တွေ့တယ်။ အဲဒီမှာ တချို့နေရာတွေမှာဆိုရင် AAနဲ့စစ်တပ်ကမျက်နှာချင်းဆိုင်ပဲ မတိုက်တာပဲရှိတယ်။ တိုက်ပွဲတဖြစ်စာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ကုန်မှစ၍ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး ဇွန်လ ပထမပတ်၌ စစ်ကောင်စီတပ်က မောင်တောဘက်သို့ အင်အား ၄၀၀ ကျော်ဖြည့်ထားသည်ဟုဆိုသည်။

“မကြာခင်က စစ်ကောင်စီရဲ့ လူကြီးတစ်ယောက်ဖြစ်တဲ့ စိုးဝင်းရောက်လာတယ်လေ။ ဆိုတော့ သူက ဘယ်နေရာတွေ သွားခဲ့လဲဆိုတော့ သူက ရခိုင်မှာ ၃ရက်လောက်နေခဲ့တယ်။ စစ်တွေရယ် ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်ကို ထိန်းချုပ်ထားတဲ့ စကခ(၁၅) ဘူးသီးတောင်ကို သွားခဲ့တယ်။ ပြီးရင် ကျောက်ဖြူသွားတယ် အမ်းသွားတယ်။ အဲဒီမှာ ဓည၀တီ ရေတပ်ဌာနချုပ်တို့ ဘာတို့ရောက်တယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

ယခု ဒေသခံ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ရခိုင်ဒေသသို့ လာရောက်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာသည်ဟု ဒေသခံက ပြောသည်။

“အခုလောလောဆယ်က စစ်တပ်ကလည်း AA ရှိတဲ့နေရာတွေကို သွားပြီးထိုးစစ်ဆင်တာ မဟုတ်ဘဲ အရပ်သားတွေကိုပဲ ဖမ်းနေတာတွေ့တယ်။ AAကလည်းတပ်စခန်းတွစစ်တပ်ရဲ့နေရာတွေကို သွားပြီး တိုက်ခိုက်တာ မဟုတ်ဘဲ မြို့ပေါ်မှာရှိတဲ့ အရေးမပါဘူးလို့ပြောလို့ရတဲ့ အောက်ခြေက တပ်ဖွဲ့ဝင်တွေကိုဖမ်းနေတာပဲ တွေ့ရတယ်။သူတို့ကတကယ့်ကိုစစ်တပ်ကို တိုက်ခိုက်မယ်ဆိုရင် AAအနေနဲ့ စစ်တပ်ရဲ့ အရေးပါတဲ့နေရာကို သွားတိုက်တာပဲဖြစ်ဖြစ်၊ လူကြီးပိုင်းတွေ ဥပမာဗျာစိုးဝင်းကစစ်တွေကနေဘူးသီးတောင်ကိုရဟတ်ယာဉ်နဲ့သွားတဲ့အချိန်မှာAAရှိတဲ့နေရာအပေါ်ကသွားတဲ့အချိန်တိုက်ခိုက်မှုတွေလုပ်လို့ရတယ်လေ။ နောက်ပြီးဒီရက်ပိုင်းမှာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အပါအဝင်စစ်ကောင်စီရဲ့ဝန်ကြီးတချို့လည်း ရခိုင်ကိုရောက်နေတာတွေ့ရတယ်အဲဒီလိုမျိုး လူကြီးတွေ ကို ဖမ်းတာက ပိုပြီးကောင်း မယ်ထင်တာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် အနေဖြင့်လည်း အရပ်သားပြည်သူများကို ဖမ်းမည့်အစား AA ရှိနေသည့် နေရာများကို သွားရောက်တိုက်ခိုက်ပါက ပိုကောင်းမည်ဟု ဒေသခံက ပြောသည်။

“နှစ်ဖက်စလုံးက ပြည်သူကို ကြားခံမထားဖို့ဓားစာခံမလုပ်ဖို့လိုတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

AAနှင့်စစ်ကောင်စီတပ်သည် ၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ နှစ်ဖက်အပစ်ရပ်ထားခြင်းဖြစ်သည်။ ယခု ကာလတွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှု၊ လူထုများအား ဖမ်းဆီးဖိနှိပ်မှုများ ပြုလုပ်နေ၍ တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက မကြာခဏ ထုတ်ဖော် ပြောဆိုထားသော်လည်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားမှုမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။