Connect with us

Hi, what are you looking for?

သတင်း

မြေနီကုန်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရ

“ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Brave Eagles (UG)
Brave Eagles (UG)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အောင်မြင့်၏နေအိမ်အား ယနေ့(ဇွန်လ ၂၃)နေ့လည်ပိုင်း၌ ဗုံးဖြင့်ပစ်ခံရကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ​ရှမ်းကုန်းလမ်းရှိ အုပ်ချုပ်ရေးမှူး အောင်မြင့်နေအိမ်အား Brave Eagles (UG) အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ပစ္စည်းချို့ယွင်းမှု​ကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး ဗုံးပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ရဲဘော်တွေတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်နောင်လည်း အကြမ်းဖက် စစ်ကောင်စီ​ထောက်တိုင် အဖွဲ့အစည်းများနဲ့ လောက်ကောင်ဒလန်များကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားပါမယ် “ဟု Brave Eagles(UG)အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင် ရှမ်းကုန်းလမ်းအား အကြမ်းဖက်စစ်ကောင် စီဝင်များက ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ရှမ်းကုန်းလမ်းအား ဖြတ်သန်းသွားခြင်းမပြုဘဲ ဂရုစိုက် ရှောင်ရှားသွားရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေး အင်အားစုကလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။