Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြေနီကုန်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရ

“ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Brave Eagles (UG)
Brave Eagles (UG)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အောင်မြင့်၏နေအိမ်အား ယနေ့(ဇွန်လ ၂၃)နေ့လည်ပိုင်း၌ ဗုံးဖြင့်ပစ်ခံရကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ​ရှမ်းကုန်းလမ်းရှိ အုပ်ချုပ်ရေးမှူး အောင်မြင့်နေအိမ်အား Brave Eagles (UG) အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ပစ္စည်းချို့ယွင်းမှု​ကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး ဗုံးပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ရဲဘော်တွေတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်နောင်လည်း အကြမ်းဖက် စစ်ကောင်စီ​ထောက်တိုင် အဖွဲ့အစည်းများနဲ့ လောက်ကောင်ဒလန်များကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားပါမယ် “ဟု Brave Eagles(UG)အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင် ရှမ်းကုန်းလမ်းအား အကြမ်းဖက်စစ်ကောင် စီဝင်များက ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ရှမ်းကုန်းလမ်းအား ဖြတ်သန်းသွားခြင်းမပြုဘဲ ဂရုစိုက် ရှောင်ရှားသွားရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေး အင်အားစုကလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။