Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့များ ပစ်ခတ်၍ KIA အရာရှိတစ်ဦးကျဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)မှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

(ဝိုင်းမော်မြို့နယ် အောင်မြေ(၂)တွင် လီဆူပြည်သူ့စစ်အဖွဲ့၏ သေနတ်ပစ်ခတ်ခံရ​သော KIA အရာရှိ ရုပ်အ​လောင်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ဝိုင်းမော်မြို့နယ် အောင်မြေ(၂)တွင် လီဆူပြည်သူ့စစ်အဖွဲ့၏ သေနတ်ပစ်ခတ်ခံရ​သော KIA အရာရှိ ရုပ်အ​လောင်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဝိုင်းမော်မြို့နယ် အောင်မြေ (၂)ကျေးရွာတွင် KIA အရာရှိ တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြစ်သူ့စစ်တပ်ဖွဲ့ဝင်များက ဇွန်လ ၂၂ရက်တွင် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လူတွေကို ဖမ်းတယ်တဲ့ ။အဲဒါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေကို ဖမ်းတာကို ပြည်သူ့စစ်တွေက ပြန်ပြီးမှ လိုက်ပစ်လို့ အခုလိုမျိုးကျဆုံးသွားတယ်လို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး အခြားမှတ်ချက်ပေးရန်မရှိဟု ဆိုသည်။

ကချင်သတင်းဌာန KNG၏ ဖော်ပြချက်အရ KIA က မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ နှစ်ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးက လွတ်မြောက်သွားကြောင်း၊ လွတ်မြောက် သွားသူက ပြည်သူ့စစ်တပ်ဖွဲ့ကို သွားရောက်တိုင်တန်းရာ ယင်းပြည်သူ့စစ်က KIA တပ်ဖွဲ့က မူးယစ်ဆေးတရားခံအား စစ်ဆေးနေသည့် နေအိမ်သို့ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် KIA အရာရှိ ကျဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။