Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အထက်တန်းကျောင်းအနီး ယနေ့ ပေါက်ကွဲမှုဖြစ်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအားကောင်းသည့် ဖားကန့်တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ထားပြီး KIA နှင့် PDFတို့သည် စာသက်ကျောင်းများကို ဗုံးခွဲမည့်အကြမ်းဖက်အဖွဲ့ဟု ဝါဒဖြန့်နေကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်
ဖားကန့်မြို့နယ်

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအထက်တန်းကျောင်းအနီး ယနေ့ နေ့လည် ၁၂နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆိပ်မူကျေးရွာ အထက်တန်းကျောင်းနှင့် ပေ ၅၀ခန့်အကွာ လမ်းဘေးတစ်နေရာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်မှု အသေးစိတ်အခြေအနေကိုမသိရသေးဟု ဒေသခံတစ်ဦးက ပြောသည်။

” စစ်တပ်က လုံခြုံရေးယူထားတဲ့နေရာဝန်းကျင်မှာ ပေါက်တာ။ KIA နဲ့ PDFက ကလေးတွေ ရှိတဲ့ကျောင်းကို ပစ်မှတ်မထားဘူး။ အခုက ကျောင်းတွေနားမှာ ပေါက်ကွဲမှု ဖြစ်နေတာ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်” ဟု ကျောင်းသားမိဖတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဇွန်လ ၄ရက်ကလည်း ဖားကန့်မြို့နယ် ဟောင့်ပါးအုပ်စု၊ ဟောင်ပါးကျေးရွာ စာသင်ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအားကောင်းသည့် ဖားကန့်တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ထားပြီး KIA နှင့် PDFတို့သည် စာသက်ကျောင်းများကို ဗုံးခွဲမည့်အကြမ်းဖက်အဖွဲ့ဟု ဝါဒဖြန့်နေကြောင်း ဒေသခံများက ပြောသည်။

“ဖားကန့်က လူညီတယ်။ ကျောင်းတက်တဲ့သူလည်း နည်းပါတယ်။ စစ်တပ်က သူ့ဘာသာသူ မိုင်းထောင်ဖောက်ခွဲပြီး လုပ်ကြံဇာတ်လမ်းရိုက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။