Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးသို့လာသည့်စစ်တပ်ဒုခေါင်းဆောင်ယာဥ်တန်းကိုဗုံးခွဲတိုက်ခိုက်​သော်လည်းစက္ကန့်အနည်းငယ်စော၍ပေါက်ကွဲ သွား​ကြောင်းပြောက်ကျားတပ်ဖွဲ့​ထုတ်ပြန်

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

(၂၀၂၁ခုနှစ်က တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(၂၀၂၁ခုနှစ်က တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

တောင်ကြီးသို့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒုခေါင်းဆောင်စိုးဝင်း၏ယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်​သော်လည်း စက္ကန့်အနည်းငယ်​စော​ပေါက်သွား​ကြောင်း မြို့ပြပြောက်ကျားတပ် SYM(UG)အဖွဲ့က ယနေ့(ဇွန် ၂၄) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီ ၂၅ ခန့်က တောင်ကြီးမြို့၊ မြို့မစျေးမီးပွိုင့်အနီးရှိ ယာဥ်ထိန်းရဲကင်းရုံးအတွင် စစ်​ကောင်စီဒုတိယ​ခေါင်း​ဆောင်လမ်းကြောင်းအားစောင့်စိုင်းဖောက်ခွဲခဲ့ရာစက္ကန့်အနည်းငယ်စော၍ ပေါက် ကွဲသွားကြောင်းဖော်ပြသည်။

“စိုးဝင်းလမ်းကြောင်းကိုဖောက်ခွဲရန်ရည်ရွယ်သော်လည်းစက္ကန့်အနည်းငယ်မျှစော၍ဖောက် ခွဲလိုက်မိသည်ကိုမိဘပြည်သူများအားများစွာအားနာလျက်ရှိပါသည်။ထိုသို့ဖောက်ခွဲလိုက်ရခြင်းမှာလဲအကြောင်းအရာများစွာရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် သိရှိနားလည်ခွင့်လွတ်ပေးစေလိုပါသည်”ဟု SYM(UG) အဖွဲ့ကအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ သတင်းရထားတာအရထိခိုက်ပျက်စီးမှုတော့ ရှိတယ်ဗျ။ အတိအကျကိုတော့ဆက်လတ်စုံစမ်းနေပါတယ်ဗျ”ဟု SYM(UG)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းနေပြီးထိ့ခိုက်မှု စာရင်းရရှိပါက ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဟုလည်းပါရှိသည်။

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

တောင်ကြီးမြို့၌ဇွန် ၂၆ရက်တွင်ပြုလုပ်မည့်ဖမ်းဆီးရမိသည်ဆို​သောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့်ပွဲတက်ရောက်ရန် စစ်ခေါင်းဆောင်တစ်ဦးတောင်ကြီးသို့လာမည်ဟုသတင်းထွက်ပေါ်နေသော်လည်းမှန်ကန်မှုရှိ၊မရှိကိုPeople’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။