Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးသို့လာသည့်စစ်တပ်ဒုခေါင်းဆောင်ယာဥ်တန်းကိုဗုံးခွဲတိုက်ခိုက်​သော်လည်းစက္ကန့်အနည်းငယ်စော၍ပေါက်ကွဲ သွား​ကြောင်းပြောက်ကျားတပ်ဖွဲ့​ထုတ်ပြန်

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

(၂၀၂၁ခုနှစ်က တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(၂၀၂၁ခုနှစ်က တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

တောင်ကြီးသို့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒုခေါင်းဆောင်စိုးဝင်း၏ယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်​သော်လည်း စက္ကန့်အနည်းငယ်​စော​ပေါက်သွား​ကြောင်း မြို့ပြပြောက်ကျားတပ် SYM(UG)အဖွဲ့က ယနေ့(ဇွန် ၂၄) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီ ၂၅ ခန့်က တောင်ကြီးမြို့၊ မြို့မစျေးမီးပွိုင့်အနီးရှိ ယာဥ်ထိန်းရဲကင်းရုံးအတွင် စစ်​ကောင်စီဒုတိယ​ခေါင်း​ဆောင်လမ်းကြောင်းအားစောင့်စိုင်းဖောက်ခွဲခဲ့ရာစက္ကန့်အနည်းငယ်စော၍ ပေါက် ကွဲသွားကြောင်းဖော်ပြသည်။

“စိုးဝင်းလမ်းကြောင်းကိုဖောက်ခွဲရန်ရည်ရွယ်သော်လည်းစက္ကန့်အနည်းငယ်မျှစော၍ဖောက် ခွဲလိုက်မိသည်ကိုမိဘပြည်သူများအားများစွာအားနာလျက်ရှိပါသည်။ထိုသို့ဖောက်ခွဲလိုက်ရခြင်းမှာလဲအကြောင်းအရာများစွာရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် သိရှိနားလည်ခွင့်လွတ်ပေးစေလိုပါသည်”ဟု SYM(UG) အဖွဲ့ကအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ သတင်းရထားတာအရထိခိုက်ပျက်စီးမှုတော့ ရှိတယ်ဗျ။ အတိအကျကိုတော့ဆက်လတ်စုံစမ်းနေပါတယ်ဗျ”ဟု SYM(UG)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းနေပြီးထိ့ခိုက်မှု စာရင်းရရှိပါက ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဟုလည်းပါရှိသည်။

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

တောင်ကြီးမြို့၌ဇွန် ၂၆ရက်တွင်ပြုလုပ်မည့်ဖမ်းဆီးရမိသည်ဆို​သောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့်ပွဲတက်ရောက်ရန် စစ်ခေါင်းဆောင်တစ်ဦးတောင်ကြီးသို့လာမည်ဟုသတင်းထွက်ပေါ်နေသော်လည်းမှန်ကန်မှုရှိ၊မရှိကိုPeople’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။