Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆို PDFနှင့် ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)တို့ မဟာမိတ်ဖွဲ့စည်း​ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်

အာဏာရှင်ကျရှုံးရေး၊ဒီမိုကရေစီ ရရှိရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် မဟာမိတ်တပ်ပေါင်းစုက အဆုံးစွန်ထိအတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)
ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)

ပြည်သူ့ကာကွယ်​ရေးတပ် ဒီး​မော့ဆို (DMO-Local PDF) နှင့် ကယား(ကရင်နီ)​တော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)တို့ မဟာမိတ်ဖွဲ့ စည်း​ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) တွေ့ဆုံဆွေးနွေးမှုဆုံးဖြတ်ချက်အရ စစ်ရေးအရသော်လည်းကောင်း၊ဆက်ဆံရေးနှင့် အခြားကဏ္ဍ အရသော်လည်းကောင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့အဖြစ် ပူး ပေါင်း​ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ဒီး​မော့ဆို PDF
ဒီး​မော့ဆို PDF

မဟာမိတ်တပ်ပေါင်းစုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှချမှတ်ထားသော မူဝါဒလမ်းစဥ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္ဟာအဓိဌာန်လေးချက်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပြုသည်။

အာဏာရှင်ကျရှုံးရေး၊ဒီမိုကရေစီ ရရှိရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် မဟာမိတ်တပ်ပေါင်းစုက အဆုံးစွန်ထိအတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ပြည်သူလူထုတွေတောင်းဆိုတာလည်းပါသလို ကျွန်တော်တို့တွေ ပိုပြီးစည်းလုံးမှုလိုလာတဲ့အတွက် မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တာ။အရင်ကတော့ တိုက်ပွဲထဲမှာ အတူတူ ရန်သူကို တိုက်ခဲ့တယ်။ဒါပေမယ့်မဟာမိတ်အဆင့်ထိ တော့မဟုတ်ဘူး။အခုကတော့ ပိုပြီးအင်အားကြီး လာမယ်”ဟု DMO Local PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

DMO Local PDF နှင့် မဟာမိတ်တပ်ပေါင်းစု အဖြစ်ပူးပေါင်းခဲ့သည့် KRU တွင် Karenni Generation – Z (KGZ)၊ Karenni Demo cratic Front (KDF)၊Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ