Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုခွင့် ပိတ်ပင်

ယနေ့ နံနက်၆နာရီခန့်တွင် ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်သားများတင်လာသည့် ကားလေးစီးမှာ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများ၌ ကင်းပုန်းချထားသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

(မုံရွာ - မန္တလေး လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတိပုံ - CJ)
(မုံရွာ - မန္တလေး လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတိပုံ - CJ)

မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း Myinmu Defence Force က အသိ​ပေးထုတ်ပြန် သည်။

ယနေ့(ဇွန် ၂၅ ရက်) နံနက် ၈နာရီ ၁၅မိနစ်ခန့်ကစ၍ လမ်းမကြီး အသုံးပြုခွင့် ပိတ်ပင်ပြီး မည်သူမှမသွားလာကြရန်လည်း တိုက်တွန်းသည်။

“စခများ အိမ်စီးကားအမြောက် အများအသုံးပြုပြီး ထိုးစစ်ဆင်ဖို့ လုပ်နေပါတယ်။စခကားနဲ့ ပြည်သူ့ကား ဘယ်လိုမှ ခွဲခြားလို့ မရပါ။လမ်းပေါ်မှာ ရှိသမျှကား အားလုံး အနီရောင်အဆင့်ပါ “ဟု အထက်ပါတပ်ဖွဲ့က ပြောသည်။

ထို့အပြင် လမ်းပြန်ဖွင့်မည့်အချိန်ကို ပြန်လည်ကြေညာပေးမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်၆နာရီခန့်တွင် ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်သားများတင်လာသည့် ကားလေးစီးမှာ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများ၌ ကင်းပုန်းချထားသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာ ကားလမ်းဘေးတွင်လည်း စစ်ကောင်စီတပ်သားများရှိနေကာ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းရှိ တပ်စွဲထားသော စစ်ကောင်စီတပ်သည် အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာအကြားသို့ ထွက်ခွာနေသည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။