Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်မြန်မာများ ကမ္ဘောဒီးယားသံရုံးရှေ့တွင် ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာ၊ကိုးရီးယား၊အင်္ဂလိပ် ဘာသာ ၃မျိုးဖြင့် ရေးသားထားသည့် တောင်းဆိုစာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြသူများ၏ တောင်းဆိုစာကို ကမ္ဘောဒီးယား သံရုံးစာတိုက်ပုံးထဲသို့ ထည့်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - Yan Naing Htun Facebook
ဓာတ်ပုံ - Yan Naing Htun Facebook

NUGမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန် တောင်းဆို

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကမ္ဘောဒီးယားသံရုံးရှေ့တွင် ယနေ့ (ဇွန်လ ၂၅) နံနက်ပိုင်း၌ တောင်ကိုရီးယားအခြေစိုက် NUG အစိုးရ ထောက်ကူရေးအင်အားစုများဦးဆောင်၍ ပြည်ပရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Yan Naing Htun Facebook
ဓာတ်ပုံ – Yan Naing Htun Facebook

ဆန္ဒပြသူများက ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေး၌ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီမှတဆင့် အကူအညီပေးရေး ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရေး၊ စစ်ကောင်စီအလိုကျ လိုက်လျောခြင်းများ ပြုလုပ်နေမှုများကို ရပ်တန့်ပေးရေး၊ NUG မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရေး တောင်းဆိုခဲ့သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း မြန်မာပြည်သူများဘက်က ရပ်တည်ကာ အကူအညီပေးရန် တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာ၊ကိုးရီးယား၊အင်္ဂလိပ် ဘာသာ ၃မျိုးဖြင့် ရေးသားထားသည့် တောင်းဆိုစာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြသူများ၏ တောင်းဆိုစာကို ကမ္ဘောဒီးယား သံရုံးစာတိုက်ပုံးထဲသို့ ထည့်ခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။