Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကိုင်ခြိမ်းခြောက်နေသည့် မြန်မာ့သစ်လုပ်ငန်းအရာရှိအား ပျူအဆင့်သက်မှတ်ကာ ဆက်လက်ရှင်းလင်းသွားမည်ဟု ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့(အောက်ချင်းတွင်း) သတိပေး

DG(Monywa) မြို့ပြပြောက်ကျားရဲဘော်များနှင့် မြို့နယ်(ပကဖ)ရဲဘော်များပူးပေါင်း၍ အဆိုပါ အမျိုးသားအား ယမန်နေ့(ဇွန်လ၂၄ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာမှ အမှတ် (၃၉)သစ်စက်ရှိ လေလံပွဲသို့ ကားဖြင့်သွားရောက်စဥ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ သို့သော်အသက်သေဆုံးခြင်းမရှိဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့(အောက်ချင်းတွင်း)
ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့(အောက်ချင်းတွင်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပေါင်းကာ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် မြန်မာ့သစ်လုပ်ငန်းအရာရှိအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခြင်းမရှိ၍ လက်နက်ကိုင်ပျူစောထီးအဆင့်သက်မှတ်ကာ ဆက်လက်ရှင်းလင်းသွားမည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က သတိပေးကြေညာသည်။

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အကြမ်းဖက်စစ်ကောင်စီ၏ သွေးစွန်းငွေထောက်တိုင်ဖြစ်ကြောင်း၊ ထို့အပြင် အရာရှိများက တခရ-၅ရှိ အကြမ်းဖက်စစ်သားများနှင့်ပူးပေါင်းကာ ဝန်ထမ်းများအား ပေးစေခိုင်းမှု၊ လက်နက်ကိုင်အကြမ်းဖက်၍ ခြိမ်းခြောက်မှုများလ​ည်း ပြုလုပ်လျက်ရှိသည်ဟု ယနေ့ (ဇွန်လ၂၅ရက်)တွင် ထုတ်ပြန်သည့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)၏ သတိပေးကြေညာချက်တွင် ဖော်ပြသည်။

ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့(အောက်ချင်းတွင်း)
ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့(အောက်ချင်းတွင်း)

အကြမ်းဖက်စစ်ကောင်စီအား သစ်လုပ်ငန်းဖြင့် သွေးစွန်းငွေရှာဖွေပေးခြင်း၊ သစ်လေလံပွဲများ ဆောင်ရွက်ခြင်း၊ အထူးသဖြင့်ဝန်ထမ်းများအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း၊ တည်းခိုရေးတပ်ရှိစစ်ကောင်စီတပ်သားများနှင့်အတူ သောက်စားမူးယစ်၍ PDF များအား လက်နက်ကိုင်စိန်ခေါ်ခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်လျက်ရှိသူ မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်းတိုင်း၊ ဒုတိယအထွေထွေမန်နေဂျာရုံးတွင်နေထိုင်သူ တိုင်းရောင်းမှူး ဦးတင်အောင်ဆိုသူအား လက်နက်ကိုင်ပျူစောထီးအဆင့်သက်မှတ်ကာ ရှင်းလင်းသွားမည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က သတိပေးသည်။

DG(Monywa) မြို့ပြပြောက်ကျားရဲဘော်များနှင့် မြို့နယ်(ပကဖ)ရဲဘော်များပူးပေါင်း၍ အဆိုပါ အမျိုးသားအား ယမန်နေ့(ဇွန်လ၂၄ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာမှ အမှတ် (၃၉)သစ်စက်ရှိ လေလံပွဲသို့ ကားဖြင့်သွားရောက်စဥ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ သို့သော်အသက်သေဆုံးခြင်းမရှိဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများ၊ သစ်စက်ဝန်ထမ်းများအနေဖြင့် ၎င်းနှင့်ပတ်သက်ခြင်း၊ အတူသွားလာခြင်းများမပြုလုပ်ကြရန် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)အဖွဲ့သည် ယခင်ကလည်း မြန်မာ့သစ်လုပ်ငန်း(မုံရွာ)ရုံးအား မကြာခဏတိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။