Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်

▪️PDFများနှင့်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၁၅ဦး​သေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ် ဖြတ်ခဲ့ပြီး ဒေသတွင်းPDFများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ၂၄ရက်) နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့ ခမရ(၄၂)မှ အင်အား ၄၀ကျော်ပါသော‌ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် ဆိပ်ခွန်​ကျေးရွာရှိ အထိုင်ချတပ်စွဲထားသော အခြားစစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းကာ ဆိပ်ခွန်ကျေးရွာအနောက်ဘက်ရှိ စောင်တန်းရွာ၊ ထူးကြီးရွာနှင့် တည်ပင်​ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ် အပြည့်အစုံဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

စောင်တန်းရွာရှိ နေအိမ် တစ်လုံးနှင့် ပုဏ္ဏားကုန်းရွာရှိ နေအိမ် (၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း- ရွှေဘို(LPDF)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နံနက် ၁၁နာရီဝန်းကျင်တွင် ထူးကြီးရွာနှင့် တည်ပင်​ကျေးရွာအကြား၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၂ဦး​သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော် တစ်ဦးကျဆုံးပြီး တစ်ဦး (အပြင်းအထန်)ဒဏ်ရာရှိခဲ့ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ဗိုလ်ကျားရိုင်း -ရွှေဘို(LDF),C&T SHWEBO (LDF)၊ SNAKE EYES (LDF), ALPHA-7 (LDF)၊ဒေါင်းမာန် (LDF)၊ PLA (Z2)၊ အရာတော် ရွှေဂျိုးဖြူ ၊ FLYING DRAGON FORCE (LDF) ၊ MDF – SHWEBO၊ မဟူရာပြောက်ကြား (ဒီပဲယင်း) ၊မတစ်ထောင်(တစ်ကောင်ဖွား) ဒီပဲယင်း၊ ရွှေဘိုခရိုင် တပ်ရင်း(၅) – တပ်ခွဲ (၃) (Federal Army) နှင့် ဆိပ်ခွန်တိုက်နယ်(၂) မှ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏ အပြင်းအထန်ခုခံမှုများ နှင့် တန်ပြန်တိုက်စစ်များကြောင့် ယနေ့ (ဇွန်လ၂၅ရက်)နံနက် ၆နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လာရာလမ်းအတိုင်း နောက်ကြောင်းပြန်ဆုတ်ခွာသွားကြောင်း ဗိုလ်ကျားရိုင်း -ရွှေဘို(LPDF)အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook