Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလုပ်ငန်းလည်ပတ်ရေး ကူညီအားပေးနေသည့် Non-CDMဆရာ၊ ဆရာမ ​ခြောက်ဦးအား ခေါ်ယူစစ်ဆေးနေဟု KSPအသိပေး

အဆိုပါ Non-CDMဆရာ၊ဆရာမ ​ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။

KSP
KSP

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ငန်းများလည်ပတ်ရာ တွင် ထောက်တိုင်တစ်ခုအဖြစ် ကူညီအားပေးလျှက်ရှိသော Non-CDM ကျောင်းဆရာ၊ဆရာမ ​ခြောက်ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကရင်နီရဲတပ်ဖွဲ့ (KSP)က အသိပေးသည်။

ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများမှတိုင်ကြားလာ၍ ယခုကဲ့သို့ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ Non-CDMဆရာ၊ဆရာမ ​ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။

အဆိုပါ ဆရာဆရာမများအား စစ်ဆေးပေါ်ပေါက်ချက်များနှင့် စီရင်ချက်များချမှတ်ခြင်းတို့ကို ကရင်နီပြည်သူများအား အသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။