Connect with us

Hi, what are you looking for?

သတင်း

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

ထို့အပြင် ယနေ့ ညပိုင်း၌ ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်
ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

▪️ယ​နေ့ညပိုင်းတွင် စစ်ကောင်စီဝင်များက ဧည့်စာရင်း အကြောင်းပြ၍ စစ်ဆေးနေ

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်လမ်းမပေါ်ရှိရဲစခန်းအား ယနေ့ ဇွန်လ (၂၆)ရက် ညနေ ၆နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် Dark Phoenix Resolution တို့ ပူးပေါင်းလက်တွဲပြီး ဗဟန်းရဲစခန်းကို ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမှာ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ကြပါ “ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်
ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

ဗဟန်းမြို့နယ်ရဲစခန်းကို ဗုံးဖြင့်တိုက်ခိုက်ခံရ​သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရေတာရှည်လမ်းမပေါ်နှင့် ရေတာရှည်လမ်းဟောင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ ညပိုင်း၌ ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

” စစ်သားနဲ့ ရဲတွေ DC ကားတစ်စီး၊ Faw ကားတစ်စီး ရပ်ထားပြီး အောင်ကောင်းစံလက်ဖက်ရည်ဆိုင်ထဲကို အုပ်ကြီးတွေနဲ့ ဧည့်စာရင်းစစ်နေတယ်လို့ သိရတယ်။ ညနေက ပေါက်ကွဲမှုကြောင့် ပတ်ရှာနေတာလို့ ထင်ပါတယ် “ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့