Connect with us

Hi, what are you looking for?

သတင်း

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

ထို့အပြင် ယနေ့ ညပိုင်း၌ ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်
ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

▪️ယ​နေ့ညပိုင်းတွင် စစ်ကောင်စီဝင်များက ဧည့်စာရင်း အကြောင်းပြ၍ စစ်ဆေးနေ

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်လမ်းမပေါ်ရှိရဲစခန်းအား ယနေ့ ဇွန်လ (၂၆)ရက် ညနေ ၆နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် Dark Phoenix Resolution တို့ ပူးပေါင်းလက်တွဲပြီး ဗဟန်းရဲစခန်းကို ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမှာ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ကြပါ “ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်
ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

ဗဟန်းမြို့နယ်ရဲစခန်းကို ဗုံးဖြင့်တိုက်ခိုက်ခံရ​သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရေတာရှည်လမ်းမပေါ်နှင့် ရေတာရှည်လမ်းဟောင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ ညပိုင်း၌ ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

” စစ်သားနဲ့ ရဲတွေ DC ကားတစ်စီး၊ Faw ကားတစ်စီး ရပ်ထားပြီး အောင်ကောင်းစံလက်ဖက်ရည်ဆိုင်ထဲကို အုပ်ကြီးတွေနဲ့ ဧည့်စာရင်းစစ်နေတယ်လို့ သိရတယ်။ ညနေက ပေါက်ကွဲမှုကြောင့် ပတ်ရှာနေတာလို့ ထင်ပါတယ် “ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။