Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှခြောက်ဦးသေ

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

(ပု​​လော PDF တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-ပု​လောPDF)
(ပု​​လော PDF တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-ပု​လောPDF)

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၂၇) ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခန့်က ပုလောနယ်၊ နန်းတောင်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပုလောPDF နှင့် မဟာမိတ်ညီနောင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲမှာ နံနက် ၈ နာရီခန့်အထိ လက် နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်များအထိအခိုက်မရှိခဲ့ဟု ဆိုသည်။

“ပြည်သူတွေ စိတ်မပျက်စေရအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်ခဗျ”ဟု ပုလောPDFမှတော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook