Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ – မန္တလေးလမ်းမကြီး၊ စစ်ကိုင်း – မြင်းမူ – မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

(မြောင်နယ်အခြေစိုက် ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်။ဓာတ်ပုံ - MBTT)
(မြောင်နယ်အခြေစိုက် ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်။ဓာတ်ပုံ - MBTT)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်အားနှစ်ရက် ဆက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ သေဆုံးထိခိုက်မှုရှိကြောင်း မြောင်ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ၂၆ ရက် ည ၁၁နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ နတ်ရေကန်ရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂ဦးတွဲ၊ ၃ဦးတွဲဖြင့် ကင်းပုန်းလာဝပ်ရာ ကြိုတင်ထောင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်တောက်ထွန်း(MBTT) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းကွင်းနေရာအရောက်တွင် မိုင်းလေးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား သုံးဦးခန့် သေဆုံးနိုင်ကာ လေးဦးခန့်ဒဏ်ရာပြင်းထန်နိုင်သည်ဟု ဆိုသည်။

ထိုအချိန်နှင့်တဆက်တည်း နတ်ရေကန်နှင့်ငါးရှန်ကျေးရွာဘက်မှ ဘလွေကျေးရွာဘက်သို့ အင်အား၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ပျူများအားဘလွေနှင့်နတ်ရေကန်ရွာကြားတွင် ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းမှ တပ်သားအချို့အား Mytelတာဝါတိုင်ကို အသွင်ပြောင်းထားသော အမြှောက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၁၇ဦးထိမှန်ခဲ့ကြောင်း၊ သေဆုံးသူ ၈ဦးနှင့် ပြင်းထန်ဒဏ်ရာရသွားသူများလည်းရှိကာ လူမှုကူညီရေးယာဥ်ဖြင့် ညတွင်းချင်း သယ်ဆောင်သွားခဲ့ကြောင်း ဗိုလ်တောက်ထွန်း(MBTT)က အသိပေးသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၉နာရီခွဲတွင်လည်း မြင်းမူမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိတစ်ဦးပါယာဉ်တန်းအား ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားတွင် မိုင်း၃လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများတွင် ဗိုလ်တောက်ထွန်း(MBTT)၊မြောင်မြို့နယ် (ပကဖ)၊ ဗိုလ်နေတိုး ပြောက် ကျားအထူးဖွဲ့(B.N.T)၊ Chaung Oo king(CK)၊ မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်၊ 11Brothers၊ Saw Bwar Gyi (MPDF)၊ Chaung U Local Defense Force(CHU LDF)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့( ဇွန်လ၂၇ရက်) ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ပွိုင့်ကားသုံးစီးနှင့် စစ်တပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးသည် PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ – မန္တလေးလမ်းမကြီး၊ စစ်ကိုင်း – မြင်းမူ – မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook