Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို PSDA တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

PSDA
PSDA

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ရှမ်းမြောက်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က တိုက်ခိုက်ခဲ့သည်။

ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပန်ကိုင်ကျေးရွာကြားရှိ လမ်းဘေးတောင်ကုန်းတစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဇွန် ၂၄ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း PSDAက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

” မနက်စောစောမှာ သေနတ်သံတွေကြားတယ်။ မနက်လင်းချိန်မှာတော့ (၄၁၇)တပ်ရင်းထဲကနေ လူနာတင်ကားတွေ ထွက်သွားတာ မြင်တယ်”ဟု နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်ဒေသတွင် ​အကြမ်းဖက်စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲဲ့လည်း စစ်ရေးတင်းမာနေသည်။ ဇွန်လ ၂၃ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် စစ်ဘေးရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။