Connect with us

Hi, what are you looking for?

သတင်း

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို PSDA တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

PSDA
PSDA

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ရှမ်းမြောက်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က တိုက်ခိုက်ခဲ့သည်။

ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပန်ကိုင်ကျေးရွာကြားရှိ လမ်းဘေးတောင်ကုန်းတစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဇွန် ၂၄ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း PSDAက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

” မနက်စောစောမှာ သေနတ်သံတွေကြားတယ်။ မနက်လင်းချိန်မှာတော့ (၄၁၇)တပ်ရင်းထဲကနေ လူနာတင်ကားတွေ ထွက်သွားတာ မြင်တယ်”ဟု နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်ဒေသတွင် ​အကြမ်းဖက်စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲဲ့လည်း စစ်ရေးတင်းမာနေသည်။ ဇွန်လ ၂၃ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် စစ်ဘေးရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။