Connect with us

Hi, what are you looking for?

သတင်း

မြို့ပြ​တော်လှန်​ရေးအရှိန်မြှင့်မည်သတင်း​ထွက်ပြီးတပ်အသိုင်းအဝိုင်း​ကဒေါ်လာဝယ်စု​နေ​သောကြောင့် ဈေးတက်

စစ်ကောင်စီက တစ်ဒေါ်လာကို ၁၈၅၀ကျပ်သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်မှ ၂၁၃၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု ငွေလဲကောင်တာပိုင်ရှင်များက​ပြောသည်။

(​ဒေါ်လာ​​ဈေးတက်​သော်လည်းပြင်ပ​ဈေးကွက်တွင် ရသ​လောက်ဝယ်ယူသူများရှိ​နေသည်။ ။ဓါတ်ပုံ-EPA)
(​ဒေါ်လာ​​ဈေးတက်​သော်လည်းပြင်ပ​ဈေးကွက်တွင် ရသ​လောက်ဝယ်ယူသူများရှိ​နေသည်။ ။ဓါတ်ပုံ-EPA)

ပြည်တွင်း​ငွေ​ကြေးဈေးကွက်အတွင်း ဒေါ်လာအဝယ်လိုက်လာပြီး တစ်ဒေါ်လာကို ၂၁၃၀ကျပ်အထိမြင့်တက်လာကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက​ပြောသည်။

ဈေးကွက်အတွင်း ဒေါ်လာရောင်းချသူနည်းနေသော်လည်း ဝယ်လက်များမှာ ဒေါ်လာငွေသားကို ရသမျှ လိုက်လံဝယ်ယူနေသူများရှိ​ကြောင်းငွေလဲကောင်တာပိုင်ရှင်များထံမှသိရသည်။

“မြို့ပြတော်လှန်ရေး အရှိန်မြင့်ဘာညာပြောနေကြတော့ စစ်တပ်အသိုင်းအဝိုင်းက လူတွေ ဒေါ်လာလိုက်ဝယ်နေကြတာ။ဒေါ်လာဈေးတက်နေပေ့မယ်လဲ ဝယ်လက်တွေက ရသလောက်လိုက်ဝယ်နေတယ်”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်​ကောင်စီဆန်ကျင်သူများက မြို့ပြ​တော်လှန်​ရေးအရှိန်မြှင့်မည်​ပြောကြားမှုများမှာ စစ်တပ်အသိုင်းအဝိုင်ယအထူးသဖြင့် စစ်တပ်အတွင်း​ငွေ​ကြေးတက်နိုင်​​သောအရာရှိများ၏မိသားစုကိုစိုးရိမ်စိတ်တိုး​စေပြီး ​ဒေါ်လာများဝယ်စုကြခြင်းမှာ ပြည်ပသို့ မိသားစုဝင်များ ၊​ဆွေးမျိုးများကို ပို့ရန်စီစဥ်​နေခြင်း​ကြောင့်ဖြစ်နိုင်​ကြောင်းစီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးက​ပြောသည်။ ဇူလိုင် ၁ ရက်မှစ၍မြိ့ပြ​တော်လှန်​ရေးအရှိန်မြှင့်မည်ဟု သတင်းများထွက်​ပေါ်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

​ဒေါ်လာဝယ်လိုအားများလာ​သော​ကြောင့်လက်ရှိမှောင်ခိုဈေးကွက်တွင် ဒေါ်လာရောင်းချသူများသည် ကြိုက်ဈေးခေါ်ယူရောင်းချနေပြီး ဝယ်လက်များကလည်း အဝယ်လိုက်နေသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက တစ်ဒေါ်လာကို ၁၈၅၀ကျပ်သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်မှ ၂၁၃၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု ငွေလဲကောင်တာပိုင်ရှင်များက​ပြောသည်။

‘နေ့လယ်က ၂၁၁၇ကျပ်နဲ့ ငွေလဲကောင်တာမှာ ပေးတယ်။ညနေပိုင်းမှာတော့ ၂၁၃၀ကျပ်အထိဖြစ်သွားတာ။ဈေးက ဆက်တက်ကြမယ်ထင်တယ်”ဟု ဒေါ်လာရောင်းချခဲ့သူတစ်ဦးကပြောသည်။

ယခုဇွန်လလယ်မှာ စတင်ပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်ကို ၂၁၀၀အထိမြင့်တက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။