Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့် လူစုကွဲလာသည့် ပျူစောထီးနှစ်ဦးကို MRA ပစ်ခတ်ရှင်းလင်း

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် စနေထွန်းဦးဆောင်သော အရှေ့ပိုင်း LDF အဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(မြောင်မြို့နယ်တော်လှန်ရေးတပ် - MRAမှ ရဲ​ဘော်များအား ​တွေ့ရစဥ်)
(မြောင်မြို့နယ်တော်လှန်ရေးတပ် - MRAမှ ရဲ​ဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်း​ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် လမ်းပြအဖြစ်လိုက်ပါလာသည့် ပျူစောထီးနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)က ယနေ့(ဇွန် ၂၉) ထုတ်ပြန်သည်။

ရွှေပန်းရွာအတွင်း အော်ဟစ်ဆဲဆိုပြီး လမ်းလျှောက်လာသော ပျူစောထီးနှစ်ဦးကို စစ်ကောင်စီတပ်နှင့် လူစုကွဲချိန်အား အခွင့်ကောင်းယူ ခြုံခို၍ ကင်းပုန်းဝပ်နေသော တော်လှန် ရေးရဲဘော်များမှ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

MRA အနေဖြင့် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျှက်ရှိရာ ပြည်သူများအထိ အခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်လမ်း ကြောင်းများကိုရှောင်ရှား၍ သတိထားသွားလာကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် CHU Local Defense Forceအဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။