Connect with us

Hi, what are you looking for?

သတင်း

တရုတ်က မြန်မာအတွက်ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး အာဆီယံအထူးကိုယ်စားလှယ် လက်ခံ

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ သန်းကို တရုတ်အစိုးရဟာ အာဆီယံအထူးကိုယ်စားလှယ် ထံ ပေးအပ်လာတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ဆေးပေးအပ်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးရဲ့နေအိမ်မှာ ဒီနေ့ ပြုလုပ်ခဲ့တာလို့သိရပါတယ်။

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

မြန်မာနိုင်ငံကိုရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံရေးဝန်ကြီး ပရက်ဆွန်ခွန်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ကာကွယ်ဆေးပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဒီကာကွယ်ဆေးဟာ ပြီးခဲ့တဲ့ လပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ရဲ့အစိတ်အပိုင်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

တရုတ်က လှူတဲ့ကာကွယ်ဆေးကို သွားလာရေးခက်ခဲတဲ့ နေရာတွေ ထိုးနှံပေးမယ်လို့သိရပါတယ်။ ကာကွယ်ဆေးပေးအပ်ပွဲမှာတော့အာဆီယံအထူးကိုယ်စားလှယ်က လူသားချင်းစာနာထောက်ထား အကူအညီပေးရေးမှာ အရောင်အသွေးမပါသင့်ဘူးလို့ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးမတူကွဲပြားမှုတွေကိုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်အောက်ကနေ မြေပြင်မှာ အခြေအနေတိုးတက်အောင်လုပ်သင့်တယ်လို့ပြောပါတယ်။

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook