Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက ရှေ့တန်းပြန်လာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်ခဲ့သည့်စစ်ကောင်စီတပ်များသည် ကျေးရွာအများအပြားကိုမီးရှို့ဖျက်ဆီးခြင်း၊ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ဒေသခံပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းက ရှေ့တန်းပြန်လာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်
စစ်ကိုင်းက ရှေ့တန်းပြန်လာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကိုင်းတိုင်းက ပြန်လာသည့် စစ်ကောင်စီတပ်ကို တနိုင်းလမ်းလဝါးနှင့် ဒွမ်ဘန်ကြား၌ ကချင်လွတ်လပ်ရေတပ်မတော်(KIA)က တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း(၂၀)နယ်မြေ လဝါးနှင့် ဒွမ်ဘန်ကြားတွင် ဇွန်လ ၃၀ရက်မနက်က စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြား ရေးဌာနက ဖော်ပြသည်။

“လဝါးနဲ့ ဒွမ်ဘုန်းခ ကြားမှာ မနက်၆နာရီခွဲလောက်မှာနည်းနည်းဖြစ်တယ်။ဟိုက စစ်ကိုင်းက ရှေ့တန်းပြန်လာတယ်လို့ ပြောတယ်။ စစ်ကိုင်းတိုင်းက ဒွန်ဘန် တပ်ရင်းကရောရှဒူးဇွပ်တပ်ရင်းကရော (၂၉၈)၊ (၂၉၇)တပ်ရင်းကရှေ့တန်းကနေပြန်လာတာပေါ့။အထိအခိုက်တော့အတိအကျမသိဘူး
”ဟုဒေသခံကပြောသည်။

ယနေ့( ဇူလိုင် ၁ရက်)တွင် ဒွမ်ဘန်အခြေစိုက် စစ်ကောင် စီ၏ ခလရ(၂၉၈)တပ်တွင် ရှေ့တန်းကြိုဆိုပွဲ ပြုလုပ် သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။ ရှဒူးဇွပ် အခြေစိုက်ခလရ(၂၉၇)တပ်ဖွဲ့ဝင်များကမူ ဒွန်ဘန်မှ ရှဒူးဇွပ်သို့ဆက်လက်ထွက်ခွာမည်ဟုသိရကြောင်း၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်ခဲ့သည့်စစ်ကောင်စီတပ်များသည် ကျေးရွာအများအပြားကိုမီးရှို့ဖျက်ဆီးခြင်း၊ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ဒေသခံပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။