Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဦးဆောင်ကျင်းပမည့် လန်ချန်း-မဲခေါင်အစည်းအဝေးကို NUG ကန့်ကွက်

ထို့အပြင် တရုတ်ကုမ္ပဏီနယ်မြေများနှင့် စီမံကိန်းနေရာများတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်း၏ တပ်သားများချထားခြင်းဖြင့် နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို လက်နက်အဖြစ် အသုံးချရန်စတင်နေပြီကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြသည်။

(ပုဂံမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁မတ်လ ၆ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - ဆရာဆန်း)
(ပုဂံမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁မတ်လ ၆ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - ဆရာဆန်း)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေး ကျင်းပရန် ကြိုးပမ်းမှုသည် မြန်မာပြည်သူများ၏ ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ပုဂံမြို့၌ လက်ခံကျင်းပရန်စီစဉ်နေပြီး ယင်းအစည်းအဝေးသည် မြန်မာလူမှု အသိုက်အဝန်းတည်ဆောက်ရေးကို နှောင့်ယှက်ဖျက်ဆီးရာရောက်ကြောင်း NUG ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ နိုင်ငံ၌ ကျင်းပရန် ဆောင်ရွက်ခြင်းသည် အာဆီယံ၏ ဆုံးဖြတ်ချက်နှင့် တိုက်ရိုက်ဆန့်ကျင်ပြီး အာဆီယံ၏ အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကြောင်း NUG က ဆိုသည်။

တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ် ၆ နိုင်ငံပါဝင်သော အဆိုပါ လန်ချန်း-မဲ ခေါင်ပူးပေါင်းဆောင်ရွက်ရေး(LMC)နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ပထမအကြိမ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးက ချမှတ်ခဲ့သော ဆန်နျာကြေညာချက် (Sanya Declaration) အပေါ် ရပ်တည်သင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ပါဝင်စားခြင်းမရှိသည့် ရာဇ၀တ်မှုကျူးလွန်သည့် အဖွဲ့အစည်းဖြစ်ပြီး တရားဝင်အစိုးရအဖြစ် မည်သို့မျှမယူဆနိုင်သဖြင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ၎င်း၏ ပါဝင်ပတ်သက်မှုအားလုံးကို တားမြစ်ထားသင့်ကြောင်း အမြဲတမ်းပူးတွဲဥက္ကဌ တရုတ်ကို NUGက တိုက်တွန်းသည်။

ထို့အပြင် တရုတ်ကုမ္ပဏီနယ်မြေများနှင့် စီမံကိန်းနေရာများတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်း၏ တပ်သားများချထားခြင်းဖြင့် နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို လက်နက်အဖြစ် အသုံးချရန်စတင်နေပြီကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။