Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လမ်းမကြီးတွေအပြင် လမ်းသွယ်တွေမှာပါ စစ်ကောင်စီ စစ်ဆေးမှုတွေပြုလုပ်နေ

မန္တလေးမှာ ဒီရက်ပိုင်းလုံခြုံရေးတင်းကြပ်ထားသလို အိုးဘိုထောင်တွင်းတရားရုံးကနေ ပြန်လာတဲ့ ရှေ့နေ ၃ ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာတွေရှိနေပါတယ်။

Photo - MDY Revolution
Photo - MDY Revolution

ဒီနေ့မှာ မန္တလေးမြို့ရှိ အဓိကလမ်းမကြီးတွေအပြင် လမ်းသွယ်နေရာတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစစ်အဆေးကြမ်းနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ယာဉ်ထိန်း၊ ရဲ၊ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လမ်းမပေါ်သွားလာနေသူတွေ ကို ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နဲ့ သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုပါ စစ်ဆေးတာလို့ သိရပါတယ်။

“ ဆိုင်ကယ်ဆိုရင် Tool Box တွေ ဖွင့်ကြည့်တယ်၊ ကားဆို နောက်ဖုံးတွေအကုန်လှန်ကြည့်တာ၊လိုင်စင်မပါရင်တော့ တစ်ခါတည်းသုံးသောင်းဆောင်ခိုင်းတယ်” လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ မြို့အဝင် ၁၆မိုင်ဂိတ်မှာလည်း အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ဒီရက်ပိုင်းလုံခြုံရေးတင်းကြပ်ထားသလို အိုးဘိုထောင်တွင်းတရားရုံးကနေ ပြန်လာတဲ့ ရှေ့နေ ၃ ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ