Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံး ထုတ်ပြန်

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ကနေဒါ
ကနေဒါ

ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကျူးလွန်သူများကို အရေးယူရန် ကြိုးပမ်းမှု အပါအဝင် ပိုမိုငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံသို့ ဦးတည်လုပ်ဆောင်နေသော မြန်မာပြည်သူများကို ဆက် လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံးက ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁ ရက်တွင် ကျရောက်သော ကနေဒါနေ့တွင် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လေးစားလိုက်နာခြင်းအပါအဝင် ၎င်းတို့ လိုလားတောင့်တသော စံနှုန်းများကို ဂုဏ်ပြုကျင်းပကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကနေဒါသည် ပြည်တွင်းပြည်ပ၌ အထက်ပါအခြေခံစံနှုန်းများကို ကာကွယ်မြှင့်တင်ရန် ယနေ့ ထပ်လောင်းအတည်ပြုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။