Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံး ထုတ်ပြန်

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ကနေဒါ
ကနေဒါ

ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကျူးလွန်သူများကို အရေးယူရန် ကြိုးပမ်းမှု အပါအဝင် ပိုမိုငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံသို့ ဦးတည်လုပ်ဆောင်နေသော မြန်မာပြည်သူများကို ဆက် လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံးက ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁ ရက်တွင် ကျရောက်သော ကနေဒါနေ့တွင် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လေးစားလိုက်နာခြင်းအပါအဝင် ၎င်းတို့ လိုလားတောင့်တသော စံနှုန်းများကို ဂုဏ်ပြုကျင်းပကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကနေဒါသည် ပြည်တွင်းပြည်ပ၌ အထက်ပါအခြေခံစံနှုန်းများကို ကာကွယ်မြှင့်တင်ရန် ယနေ့ ထပ်လောင်းအတည်ပြုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

နိုင်ငံတကာ

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က လက်ရှိ အချိန်ထိ စုံစမ်းသိရှိထားသမျှ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှု တခုခုနဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။