Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှည်းတန်း ပေ(၅၀)လမ်းစျေးပစ်ခတ်မှု အမျိုးသမီးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)
(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရန်ကုန်မြို့ လှည်းတန်း ပေ(၅၀)လမ်းစျေးတွင် ယနေ့နံနက် ၉နာရီခန့်က အမျိုးသမီးနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း လှည်းတန်းနေပြည်သူများက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ လှည်းတန်း(၁)လမ်းနေ အသက် ၅၀ခန့်အရွယ်ညီအစ်မနှစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မျက်မြင်တွေ့ရှိသူတစ်ဦး၏ပြောဆိုမှုအရ အပစ်ခံရသည့်အမျိုးသမီးနှစ်ဦးအနက် အကြီးဖြစ်သူမှာနေရာတင် ပွဲချင်းပြီးသေဆုံးကာ အငယ်ဖြစ်သူမှာ ဆေးရုံသို့ပို့လိုက်ကြောင်း ပြောသည်။

“ဒလန်ညီအစ်မပါ။ အဲ့ဒီထိပ်မှာ မာလကာသီးတို့ သရက်သီးတို့ရောင်းတဲ့သူပါ။ အစ်မက ပွဲချင်းပြီးသေပါတယ်။ အငယ်မက မသေသေးလို့ ဆေးရုံပို့လိုက်တယ်။ နားထင်ကိုထိထားတယ်လို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ ညီအစ်မနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူနှစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းအတွင်းက မင်္ဂလာဒုံမြို့နယ်၌ စစ်ကောင်စီကပေးသည့် အခြေခံစစ်သင်တန်းသွားရောက်သင်ကြားခဲ့သူဖြစ်ကြောင်း လှည်းတန်းနေ ပြည်သူတစ်ဦးက ပြောသည်။

ဒလန်ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခင်းဖြစ်ပွားသည့် လှည်းတန်း ပေ(၅၀)လမ်းစျေးသည် ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကောင်စီတပ်၏ ရမ်းကားဖျက်ဆီးပြီး မီးတင်ရှို့ခြင်းကို ခံထားရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများ၊ လှည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စျေးသည်များအား အော်ဟစ်ဆဲဆိုခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ ၏လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။