Connect with us

Hi, what are you looking for?

သတင်း

လှည်းတန်း ပေ(၅၀)လမ်းစျေးပစ်ခတ်မှု အမျိုးသမီးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)
(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရန်ကုန်မြို့ လှည်းတန်း ပေ(၅၀)လမ်းစျေးတွင် ယနေ့နံနက် ၉နာရီခန့်က အမျိုးသမီးနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း လှည်းတန်းနေပြည်သူများက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ လှည်းတန်း(၁)လမ်းနေ အသက် ၅၀ခန့်အရွယ်ညီအစ်မနှစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မျက်မြင်တွေ့ရှိသူတစ်ဦး၏ပြောဆိုမှုအရ အပစ်ခံရသည့်အမျိုးသမီးနှစ်ဦးအနက် အကြီးဖြစ်သူမှာနေရာတင် ပွဲချင်းပြီးသေဆုံးကာ အငယ်ဖြစ်သူမှာ ဆေးရုံသို့ပို့လိုက်ကြောင်း ပြောသည်။

“ဒလန်ညီအစ်မပါ။ အဲ့ဒီထိပ်မှာ မာလကာသီးတို့ သရက်သီးတို့ရောင်းတဲ့သူပါ။ အစ်မက ပွဲချင်းပြီးသေပါတယ်။ အငယ်မက မသေသေးလို့ ဆေးရုံပို့လိုက်တယ်။ နားထင်ကိုထိထားတယ်လို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ ညီအစ်မနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူနှစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းအတွင်းက မင်္ဂလာဒုံမြို့နယ်၌ စစ်ကောင်စီကပေးသည့် အခြေခံစစ်သင်တန်းသွားရောက်သင်ကြားခဲ့သူဖြစ်ကြောင်း လှည်းတန်းနေ ပြည်သူတစ်ဦးက ပြောသည်။

ဒလန်ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခင်းဖြစ်ပွားသည့် လှည်းတန်း ပေ(၅၀)လမ်းစျေးသည် ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကောင်စီတပ်၏ ရမ်းကားဖျက်ဆီးပြီး မီးတင်ရှို့ခြင်းကို ခံထားရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများ၊ လှည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စျေးသည်များအား အော်ဟစ်ဆဲဆိုခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ ၏လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။