Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခဲ့ရ၊ အကြမ်းဖက်စစ်သားလေးဦးသေ ဟုဆို

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မုံရွာ - မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ဓာတ်ပုံ-CJ)
(မုံရွာ - မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားလေးဦးသေဆုံးကြောင်း Myaung Bo Tauk Tun(MBTT)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်၃ရက်) နံနက် ၁၁နာရီခွဲခန့်က မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ နတ်ရေကန်ရွာနှင့် ရေပိုးစားကျေးရွာကြားတွင် မိုင်းရှင်းလင်းရန်ရောက်လာသော မိုင်းရှာအကြမ်းဖက်စစ်သားများအား My Tel တာဝါတိုင် အသွင်ပြောင်းထားသော အမြှောက်တစ်လုံး၊ပေါက်ကွဲအားမြင့် မိုင်း၂လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MBTT၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ အကြမ်းဖက်စစ်သား၄ဦးသေဆုံး၍ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု Myaung Bo Tauk Tun(MBTT)အဖွဲ့ကဆိုသည်။

“ကင်းပုန်းချထားတဲ့ မိုင်းလိုက်ရှင်းကြတဲ့ စကစတွေပါ။ သေဆုံးတဲ့သူတွေကို ညကြမှ ချောင်းဦးဘက် သယ်သွားကြတယ်။”ဟု MBTT အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုအခြေအနေအား သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဇူလိုင် ၁ရက် နံနက် ၇ နာရီ ၅၀မိနစ်အချိန်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်သား ၅၀ ခန့် လိုက်ပါလာသော ၁၂ ကားအားဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းအကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ တစ်တောင့်ထိုး သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ဦးခန့်သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် -CRAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်