Connect with us

Hi, what are you looking for?

သတင်း

ခေါ်ယူထိန်းသိမ်းထားသော Non-CDM ဆရာ၊ ဆရာမခြောက်ဦးကို ကရင်နီပြည်ရဲ(KSP)ပြန်လွှတ်

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)
(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)

အမှတ် (၅)နယ်မြေရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးနေသော Non-CDM ကျောင်းဆရာ၊ ဆရာမခြောက်ဦးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ရဲအဖွဲ့(KSP)က ယနေ့(ဇူလိုင် ၄)အသိပေးထုတ်ပြန်သည်။

အဆိုပါ ဆရာ၊ ဆရာမခြောက်ဦးသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီ၏ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများတိုင်ကြားမှုအပေါ် ခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

KSPနှင့် အခြားအဖွဲ့အစည်းများသည် ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ ပညာရေးကို အလေးထားသဖြင့် စစ်ပွဲကာလအတွင်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ခွင့်ပြုချက်ရယူကြရန် ဖော်ပြသည်။

“ကျွန်တော်တို့က ကလေးတွေရဲ့ပညာရေးကိုလိုလားတယ်။ ပြီးတော့မှ အဲဒီကလေးတွေ ပညာသင်ကြားခွင့်ရဖို့ကို ရည်ရွယ်ပြီး ခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ နောက်ပြီး ဆရာ၊ ဆရာမခြောက်ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်”ဟု KSP မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

ခေါ်ယူထိန်းသိမ်း၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော အထက်ပါ ဆရာ၊ ဆရာမခြောက်ဦးမှာ စစ်ကောင်စီထောက်တိုင် Non-CDM ကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး ပြည်သူ့တိုင်ကြားချက်အရ အမှုမှန်ပေါ်ပေါက်ရန် ဇွန်လ ၂၄ ရက်တွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။