Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခေါ်ယူထိန်းသိမ်းထားသော Non-CDM ဆရာ၊ ဆရာမခြောက်ဦးကို ကရင်နီပြည်ရဲ(KSP)ပြန်လွှတ်

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)
(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)

အမှတ် (၅)နယ်မြေရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးနေသော Non-CDM ကျောင်းဆရာ၊ ဆရာမခြောက်ဦးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ရဲအဖွဲ့(KSP)က ယနေ့(ဇူလိုင် ၄)အသိပေးထုတ်ပြန်သည်။

အဆိုပါ ဆရာ၊ ဆရာမခြောက်ဦးသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီ၏ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများတိုင်ကြားမှုအပေါ် ခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

KSPနှင့် အခြားအဖွဲ့အစည်းများသည် ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ ပညာရေးကို အလေးထားသဖြင့် စစ်ပွဲကာလအတွင်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ခွင့်ပြုချက်ရယူကြရန် ဖော်ပြသည်။

“ကျွန်တော်တို့က ကလေးတွေရဲ့ပညာရေးကိုလိုလားတယ်။ ပြီးတော့မှ အဲဒီကလေးတွေ ပညာသင်ကြားခွင့်ရဖို့ကို ရည်ရွယ်ပြီး ခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ နောက်ပြီး ဆရာ၊ ဆရာမခြောက်ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်”ဟု KSP မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

ခေါ်ယူထိန်းသိမ်း၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော အထက်ပါ ဆရာ၊ ဆရာမခြောက်ဦးမှာ စစ်ကောင်စီထောက်တိုင် Non-CDM ကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး ပြည်သူ့တိုင်ကြားချက်အရ အမှုမှန်ပေါ်ပေါက်ရန် ဇွန်လ ၂၄ ရက်တွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။