Connect with us

Hi, what are you looking for?

သတင်း

မတူပီနှင့် လိုင်လင်းပီလမ်း၌ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

မတူပီ CDF အနေဖြင့် မတူပီ မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ယာဉ်တန်းများနှင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲရာနေရာများကို တိုက်ခိုက်လျက်ရှိသည်။

မတူပီ CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi
မတူပီ CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi

ချင်းပြည်နယ် မတူပီ နှင့် လိုင်လင်းပီမြို့ လမ်းပိုင်းတွင် ယနေ့နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှမတူပီဘက်သို့ ခြေလျင်စစ်ကြောင်း ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့်CDF တို့သည် ယနေ့ (ဇူလိုင်၆ရက်) နံနက် ၉နာရီ ၁၅မိနစ်တွင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးဘဲ သတင်းအပြည့်အစုံကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မတူပီ CDF အနေဖြင့် မတူပီ မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ယာဉ်တန်းများနှင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲရာနေရာများကို တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။