Connect with us

Hi, what are you looking for?

သတင်း

တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော

လက်ရှိတွင် Foodpanda Riders များမှ Zero Customer ကမ်ပိန်းအားပြုလုပ်လျှက်ရှိပြီး ပြည်သူလူထုမှ Foodpanda ၏ ဝန်ဆောင်မှုများကို သုံးစွဲမှုမပြုခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော
တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော

Foodpanda Riders များမှ ၎င်းတို့တောင်းဆိုထားသော အခြေခံအလုပ်သမားအခွင့်အရေးများအပါအဝင် တောင်းဆိုချက်များ မရမချင်း ဆက်လက်သပိတ်မှောက်သွားမည်ဟု ယနေ့(ဇူလိုင် ၆)ပြောကြားလိုက်သည်။

အဆိုပါ အသိပေးပြောဆိုမှုကို အွန်လိုင်းမှပြုလုပ်သည့် ယနေ့ပြည့်မြောက်သော သပိတ်တိုက်ပွဲတစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“Foodpanda ကုမ္ပဏီအနေနဲ့ Riders များရဲ့တောင်းဆိုချက်တွေကို အမြန်ဆုံးလိုက်လျော ညှိနှိုင်းပေးဖို့ ကျွန်တော်တို့အနေနဲ့ ဒီနေရာကနေပြောကြားလိုပါတယ်။ တစ်ကယ်လို့ မလိုက် လျောပေးလို့ရှိရင် မလိုက်ရောမချင်း လှုပ်ရှားမှုတွေ၊ ကမ်ပိန်းတွေ၊ နိုင်ငံတကာဖိအားတွေနဲ့ ကျွန်တော်တို့ Foodpanda Riders တွေကနေ အဆုံးထိ သပိတ်ကို ဆက်လက်မှောက်သွားမယ်ဆိုတဲ့အကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်”ဟု သပိတ်ခေါင်းဆောင် Riders တစ်ဦးက ပြောသည်။

Riders များ၏ သပိတ်တောင်းဆိုချက်များမှာ အ​ခြေခံအော်ဒါကြေး ၆၇၀ကျပ်ပေးရန်နှင့် ခရီးအကွာအဝေး၊ အဆင့်သမှတ်ချက်များနှင့်အညီ တို့မြှင့်ပေးရန်၊ ကီလိုအကွာအဝေးအမှန်ထွက်စေဖို့ Google Mapအတိုင်း တိုင်းတာပြီး အော်ဒါကြေး တွက်ချက်ပေးရန်၊ အလုပ်အချိန်အတွင်း Riders များထိခိုက်နစ်နာမှုကို တာဝန်ယူဖြေရှင်းပေးရန်နှင့် တစ်ပတ်တစ်ရက် အပြည့်အဝနားခွင့်ပြုရန်တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

Foodpanda Riders များမှ ၎င်းတို့၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်မှ မလိုက်လျောခဲ့သောကြောင့် မတ်လ ၁၆ရက်တွင် ပထမအကြိမ် သပိတ်မှောက်ခဲ့ပြီး ယခုဒုတိယအကြိမ်သပိတ်မှောက်ခြင်းကို ဇွန်လ ၆ရက်တွင် ထပ်မံပြုလုပ်ခဲ့ရာ ယနေ့(ဇူလိုင် ၆) တစ်လပြည့်ပြီ ဖြစ်သည်။

လက်ရှိတွင် Foodpanda Riders များမှ Zero Customer ကမ်ပိန်းအားပြုလုပ်လျှက်ရှိပြီး ပြည်သူလူထုမှ Foodpanda ၏ ဝန်ဆောင်မှုများကို သုံးစွဲမှုမပြုခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဖြင့် ရင်ဆိုင်နေရသော Foodpandaကုမ္ပဏီသည် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် လုပ်ငန်းများလည်ပတ်လုပ်ကိုင်နေပြီး Foodpanda အမှတ်တံဆိပ်အား Delivery Hero ကုမ္ပဏီမှ ပိုင်ဆိုင်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာအပြင်းအထန်ပြုလုပ်​နေတာ​ကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကို​မလာမ​နေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေကပြောပါတယ်။