Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဝါဒဖြန့်ဇာတ်လမ်းကို ပြည်သူ​တွေသပိတ်​မှောက်တာကြောင့်စစ်​အုပ်စုကအရေးပေါ် အစည်းအဝေး​ခေါ်၊ အနုပညာရှင်အားလုံးတက်ဖို့ဖိအား​ပေး

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာအပြင်းအထန်ပြုလုပ်​နေတာ​ကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကို​မလာမ​နေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေကပြောပါတယ်။

စစ်အုပ်စုရဲ့ ​ဝါဒဖြန့် ဇာတ်လမ်း နဲ့ ပါဝင်သရုပ်​ဆောင်သူ​တွေ

အောက်တိုဘာ-၃၀၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာအပြင်းအထန်ပြုလုပ်​နေတာ​ကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကို​မလာမ​နေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေကပြောပါတယ်။

“ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ” စစ်တပ်ဝါဒဖြန့်ကားအ​ပေါ် ပြည်သူ​တွေရဲ့ BC နဲ့ Social punishemnt ထိရောက်သွားတဲ့အတွက် ကြော်ငြာကုမ္ပဏီ​တွေက ဝါဒဖြန့်ကားမှာပါဝင်တဲ့သူ​တွေကို ​ကြော်ညာမရိုက်တော့တာ​ကြောင့်ကုမ္ပဏီ​တွေကို​ကြော်ညာ ဆက်ရိုက်ရန်အတွက် စစ်အုပ်စုက ဖိအားပေးဖို့ရန် နဲ့ ပြည်သူ​တွေရဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာ၊သပိတ်​မှောတ်တာအ​ပေါ် တန်ပြန်ရန် ​ဆွေး​နွေးမယ်လို့ အကြမ်းဖျင်းသိထားရတယ်လို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။

အစည်းအ​ဝေးကိုရန်ကုန်မြို့ မှာရှိတဲ့ ရုပ်ရှင်အစည်းအရုံးအစည်းအဝေးခန်းမမှာ​ အောက်တိုဘာ ၃၀ရက် မွန်းလွဲ ၁ နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဦး​မောင်​မောင်အုန်းလည်းကိုယ်တိုင်တတ်ရောက်မှာဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေ အားလုံးကိုလည်း မလာမနေရ ဆိုပြီးခေါ်ထားတယ်လို့ အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ရွေးကောက်ပွဲ အတွက် ဝါဒဖြန့်ဖို့ ရည်ရွယ်ပြီး လက်ရှိ မြန်မာ့ရုပ်ရှင်​လောကမှာနာမည်ကြီးသရုပ်‌ဆောင်တွေဖြစ်တဲ့ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် တို့နဲ့ ဇာတ်ကားရိုက်ကူးခဲ့တာပါ။

ဒါပေမယ့်လည်း ဒီဇာတ်ကားက တော်လှန်ရေး တပ်ဖွဲ့တွေ CDM တွေကို စော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ လူထုတော်လှန်ရေးကို ပျက်ရယ်ပြုခဲ့တာ​တွေ ၊အချက်အလက်အမှား​တွေနဲ့ စစ်တပ်အတွက် စိတ်တိုင်းကြ ဝါဒဖြန့်​ပေးခဲ့တာကြောင့် ပြည်သူတွေက ဒီဇာတ်ကားမှာ ပါဝင်သူတွေကို Social Punishment နဲ့ Boycott ပြုလုပ်နေကြတာပါ။

ဒီဇာတ်ကားရိုက်ကူးသူရဲ့ နာမည်ကိုလည်း နာမည်ဝှက်နဲ့ အသုံးပြုထားပေမယ့် အရင် ကတည်းကစစ်တပ် ဝါဒဖြန့်ဇာတ်လမ်း​တွေရိုက်နေကြ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး တင်အောင်စိုး (ပန်းမြို့တော်) ဖြစ်တယ်လို့ အနုပညာအသိုင်းအဝိုင်းက ​ပြောပါတယ်။

တင်အောင်စိုး (ပန်းမြို့တော်)က အခုနောက်ပိုင်း နှစ်တွေမှာ ရဲတပ်ဖွဲ့နေ့ ၊ တပ်မတော်နေ့ အပါအဝင် ပေါ်လစီဇာတ်ကားတွေကို အဓိကရိုက်ကူးတဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့လကပဲ သူရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်ကားကို တန်းစီစနစ်နဲ့ မဟုတ်ပဲ ရုံတင်ခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ အနုပညာရှင်တွေအပေါ် ပြည်သူတွေက Social Punishment နဲ့ Boycott ပြုလုပ်ဖို့ ဆက်လက် တွန်းအားပေးလုပ်ဆောင်နေကြသလို ဝါဒဖြန့်ဇတ်ကားမှာပါဝင်ခဲ့တဲ့တချို့ သရုပ်ဆောင်တွေဆိုရင် သူတို့ရဲ့ ပေ့ခ်ျတွေမှာ မှတ်ချက်ပေးလို့မရအောင် Comment တွေကို ပိတ်ထားတဲ့အထိပါပဲ။အဲဒီဝါဒဖြန့်ဇာတ်ကားအ​ပေါ် ​ လူမှုကွန်ယက်မှာဝေဖန်သူ​တွေကို အ​ရေးယူဖို့ စစ်တပ်​ထောက်ခံတဲ့တယ်လီဂရန်​တွေက လှုံ​ဆော်​နေကြပါတယ် ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်နေတဲ့ ရန်ကုန် အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ ငါးဖွဲ့ကလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ​ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။