Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ မဲမပေးဘဲသပိတ်မှောက်ဖို့ ယင်းမာပင်မှာ ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ-၂၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ပြီး စစ်တပ်ရဲ့ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် သပိတ်ဦးဆောင်သူတွေက ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့လည်း နှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ဆန့်ကျင်ကြဖို့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” လက်ကမ်းစာစောင်တွေကိုလည်း ပြည်သူတွေကို ဝေမျှပြီး စစ်တပ်ထုတ်ကုန်မသုံးစွဲကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။