Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းအမျိုးသားရေးနဲ့ လုံခြုံရေးကို အကြောင်းပြပြီး PNOက ဒေသခံများကို စစ်ပညာသင်ပေးရန် စီစဉ်မှု အပေါ် ဝေဖန်

PNO၏ ယခု လုပ်ဆောင်ချက်သည် စစ်ကောင်စီ ၏ အာဏာသိမ်းမှုကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

(စစ်​ကောင်စီလက်​အောက်ခံ PNO ကပအိုဝ်းအမျိုးသားများကိုရပ်ရွာကာကွယ်​ရေးအ​ကြောင်းပြ၍ သိုင်းလည်းသင်ယူခိုင်း​နေသည်။ ။ဓါတ်ပုံ-Pao)

PNO၏ လုပ်ဆောင်ချက် စစ်ကောင်စီကို အကျိုးဖြစ်ထွန်းစေ၍ အမှားကို ပြန်သုံးသပ်ရန် တိုက်တွန်း

ရှမ်းနှင့် ကယား ဒေသများ၌ စစ်ကောင်စီတပ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ပအိုဝ်း အမျိုးသားရေးနှင့် ပအိုးဒေသနေ ပြည်သူများ၏ လုံခြုံရေးကို အကြောင်းပြပြီး ဒေသတွင်းရှိ အရွယ်ရောက်ပြီး သူများကို အခြေခံစစ်ပညာသင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ အခြေအနေသည့် အထူးဒေသ(၆) ၏ နယ်မြေ တည်ငြိမ်အေးချမ်းရေး လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများနှင့် အတူနေ တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအပေါ် အန္တရာယ် ကျရောက်လာနိုင်သည့် အခြေအနေ သို့ ရောက်ရှိနေကြောင်း PNO၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို အန္တရာများကို ကာကွယ်ရန် အရွယ်ရောက်ပြီးသူများအား အခြေခံစစ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီး စည်းကမ်းပြည့်၀သည့် လုံခြုံရေးတပ်ဖွဲ့များကို ဖွဲ့စည်းမည်ဟု PNOက ဆိုသည်။

အထူးဒေသ(၆) အတွင်း နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အတူလက်တွဲ ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

PNO၏ ယခု လုပ်ဆောင်ချက်သည် စစ်ကောင်စီ ၏ အာဏာသိမ်းမှုကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ အခုမှ ထလုပ်တာပါ။ အရင်က လုပ်လေ့မရှိပါဘူး။ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် လက်တွေ့လုပ်ဆောင်ချက်က မြေပြင်ပေါ်မှာ စကစရဲ့အာဏာသိမ်းမှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင်စေချင်တဲ့ ဟာမျိုးဖြစ်တဲ့အတွက် မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး” ဟု ၎င်းက PNO၏ ကြေညာချက် အပေါ် ဝေဖန်သည်။

PNO အနေဖြင့် ယခင် PNO စုဖွဲ့ခဲ့သည့် ရည်ရွယ်ချက်ကို ပြန်ပြီး သတိချက်ရန်နှင့် ပအိုဝ်းလူထု၏ မျက်နှာကို ထောက်ထားရန် PNFC တာဝန်ရှိသူက ပြောကြားသည်။

“စစ်ကောင်စီဘက်ကနေ ဒီအတိုင်းကြီး မှားသွားနေရင် နောင်တချိန်မှာ ပြန်ပြီး အဖက်ဆယ်လို့မရတဲ့ အမှားတစ်ခုဖြစ်သွားနိုင်တယ်” ဟု ၎င်းက PNO ကို သတိပေးသည်။

PNOသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုဖြစ်သည်။ အလားတူ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အနေဖြင့်လည်း စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ပြီး စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။