Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်အ​နောက်ပိုင်းတိုက်ပွဲ စစ်​သား၁၀ဦးခန့်​သေ၊PDF ၂ ဦးကျဆုံး

မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်​ကောင်စီတပ် မှသေဆုံးမှုအ​ရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)
(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ၁၀ ဦးခန့်သေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်လ၅ရက်) နံနက်၈ နာရီမှစတင်ကာ ညနေ ၆ နာရီ ၄၀အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်များအား ဆူးဝင်းရွာအနီးတွင် စောင့်ကြို တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ​အလောင်းများ တိုက်ပွဲအတွင်းမကောက်နိုင်သည်ကို မြင်တွေ့ခဲ့ရသည်ဟု မြိုင် ပ.က.ဖ အဖွဲ့ကဆိုသည်။

မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်​ကောင်စီတပ် မှသေဆုံးမှုအ​ရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

တိုက်ပွဲနှင့်ပတ်သက်၍ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပါ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ခန့်မှန်းအင်အား၈၀နှင့်၁၀၀ကြားရှိပြီး ဆူးဝင်းရွာအနီးတွင် ဒေသတွင်းPDFအဖွဲ့များပူးပေါင်းကာ ၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်သည် မြိုင်နယ်အနောက်ပိုင်း၌ ပေါက်နယ်နှင့်မြိုင်နယ်အစပ်တွင်တစ်ကြောင်း၊မြိုင်နယ်အနောက်ပိုင်း ဆူးဝင်းရွာဘက်တွင်တစ်​ကြောင်း၊မြိုင်နယ်အနောက်ပိုင်း မကျီးကုန်း၊နှမ်းစားကျင်း၊ သံဘို စသည့် ကျေးရွာများဘက်တွင်တစ်ကြောင်း စသဖြင့် စစ်ကြောင်းများ ခွဲထိုးနေသည်။စစ်ကြောင်းအားလုံးသည် ကမ္မနယ်ဘက်မှလာပြီး မြိုင်တောင်ပိုင်းမှ ပေါက်နယ်ဘက်၊ ပေါက်နယ်ဘက်မှ မြိုင်အနောက်ပိုင်းကို ပြန်ဝင်နေခြင်းဖြစ်ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။

ဇူလိုင်လ၅ရက် နံနက် ၈နာရီခန့်ကလည်း မြိုင်မြို့နယ်၊မန်ကျည်းကုန်းရွာအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ